Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 30, 2013

မြန်မာ့ ဆက်သွယ်ရေး ကွန်ရက်များ လုံခြုံရေး Microsoft အကြီးတန်း အရာရှိ လာရောက် ဟောပြောမည်


မြန်မာ့ ဆက်သွယ်ရေး ကွန်ရက်များ လုံခြုံရေး အတွက် Microsoft ကုမ္ပဏီမှ အာရှဒေသ ဆိုင်ရာ လုံခြုံရေးနှင့် အကြံပေး အရာရှိချုပ် Mr.Pierre Noel သည် မြန်မာနိုင်ငံသို့ လာရောက်ကာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဟောပြောပွဲ တစ်ရပ် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးဇော်မင်းဦးက The Voice သို့ ပြောကြားသည်။

ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ ဆက်သွယ်ရေး ကွန်ရက်များ လုံခြုံရေး၊ ဆိုက်ဘာ လုံခြုံရေးများ၊ ကွန်ပျူတာ ကွန်ရက် လုံခြုံရေးများနှင့် ပတ်သက်၍ ၎င်းထံမှ အတွေ့အကြုံများ၊ ဆွေးနွေး အကြုံပြုချက်များ ရယူရန်အတွက် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ယင်းဟောပြော ပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ဦးစီးကျင်း ပခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ အရေးပေါ်လုံခြုံရေး တုံ့ပြန်ဖော်ဆောင်ရေး အဖွဲ့ (MMCERT) မှ အဖွဲ့ဝင်များနှင့် အစိုးရဌာန အသီးသီးမှ သတင်းအချက် အလက်များ ဆိုင်ရာ အရာရှိချုပ်များ တက်ရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Microsoft ကုမ္ပဏီ၏ အာရှဒေ သဆိုင်ရာ လုံခြုံရေးနှင့် အကြံပေး အရာရှိချုပ်ဖြစ်သော Mr. Pierre Noel သည် သတင်း အချက်အလက် လုံခြုံရေးနှင့် အခက်အခဲ ဖြေရှင်းနည်း ဆိုင်ရာ စီမံခန့်ခွဲမှုများကို ၂၅ နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်သည်။ ထို့အပြင် Mr. Pierre Noel သည် ဟောင်ကောင် အစိုးရ၏ နည်းပညာ လုံခြုံရေးဆိုင်ရာ အကြံပေး အရာရှိ၊ ဗြိတိန် ရဲတပ်ဖွဲ့နှင့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း တို့တွင် အကြံပေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။

The Voice

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment