Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 30, 2013

မြန်မာကျပ်ငွေ သိန်း ၉၀၀ ရှိလျှင် ကမ္ဘာ့အပြင် ခရီးသွား နိုင်တော့မည်


တကယ်ပါ။ အမေရိကန်အခြေဆိုက် Virgin Galactic အမည်ရ ကုမ္မဏီကဈေးသက်သာ အာကာသ ခရီးသွား ပို့ဆောင်ရေး ယာဉ်ပျံများ တည်ဆောက်ပြီး နေ့စဉ် ပို့ပေးတော့မှာ ဖြစ်ပါတယ်။

ယာဉ်ပျံကိုလည်း အသစ်တည်ဆောက်ပြီး ခရီးအသွားအပြန်စရိတ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉သောင်းခွဲ ဝန်းကျင်ပဲ ကုန်မှာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာကျပ်ငွေနဲ့ တွက်ရင်အလွန်ဆုံးမှ သိန်း ၉၀၀ ပဲ တန်ဖိုးရှိတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာလည်း သိန်း ၉၀၀ ရှိရင် ခရီးသွား ဖို့အတွက် အကုန်ကျ ခံနိုင်တဲ့သူတွေ ရှိမှာပါ။ ရည်ရွယ်ချက် ကိုက ဈေးသက် သက် သာသာနဲ့ ကမ္ဘာ့အပြင် ခရီး သွားရစေဖို့ ဖြစ်ပါတယ်။ အရင်က အမေရိကန်ဒေါ်လာ သန်း ဆယ်ဂဏန်း၊ ရာဂဏန်း ကုန်တာနဲ့ ယှဉ်ရင် အများကြီး သက်သာ သွားတာ ဖြစ် ပါတယ်။

အစီအစဉ်အတွက် Virgin Galactic ကုမ္မဏီဟာ နာဆာနဲ့ ကမ္ဘာ့အာကာသ ယာဉ်စခန်းက အာကာသ ယာဉ်မှူး၊ အင်ဂျင်နီယာများကို အလုပ်ခန့်အပ်ပြီး ယာဉ်ပျံ ဒီဇိုင်းအသစ် ရေးဆွဲခြင်း ဖြစ်ပါတယ်။ တည်တောင် တည်ဆောက်နေပါပြီ။ များမကြာမီနှစ်အတွင်း အကောင်အထည် ဖော် လာနိုင်တော့မယ့် ယင်း အစီအစဉ်ကို အများစု စိတ်ဝင်စားလျက် ရှိကြောင်း သိရပါတယ်။

Ref: pocketlint

Aung Kham (TSJ team)

Techspace Journal

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment