Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 31, 2013

Google Hangouts တွင် HD video အသုံးပြုနိုင်


ယခင် အသုံးပြုခဲ့သော Google Talk ကို အစားထိုးခဲ့သည့် Google Hangouts သည် ယခင်ကတည်းက သူငယ်ချင်း အချင်းချင်းစကားပြောဆို ဆက်သွယ်ခြင်း သို့မဟုတ် စီးပွားရေး လုပ်ငန်းများ အချင်းချင်း စည်းဝေးတွေ့ဆုံရန် အသုံးပြုနိုင်ခဲ့ပြီး ၊ ယခုအခါတွင် 720p HD ဗွီဒီယိုဖြင့် အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ခဲ့သည်။ယခုအခါ HD ဗွီဒီယို ၀န်ဆောင်မှုကို အသုံးပြုသူ တစ်ချို့တွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကာ နောက်ပိုင်းတွင် အဆိုပါ ၀န်ဆောင်မှုကို လူတိုင်း အသုံးပြုလာနိုင်မည်ဟု GigaOm က ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ အဆိုပါ ၀န်ဆောင်မှုကြောင့် စကားပြောဆို ဆက်သွယ်ရာတွင် ပိုမို ကောင်းမွန်လာမည် ဖြစ်သည်။ HD ဗွီဒီယို ၀န်ဆောင်မှုကို Google မှ အဆင့်မြှင့်တင်လိုက်သည့် အတွက် ယခင်ကကဲ့သို့ browser plug-in အသုံးပြုရခြင်း မရှိတော့ကြောင်း သိရသည်။
ref;mrtv-4

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment