Subscribe For Free Updates!

We'll not spam mate! We promise.

Sunday, August 11, 2013

ဇနီးသည် ကိုသတ်ပြီးနောက် အလောင်းပုံ ကို ဖေ့စ်ဘွတ်ခ်ပေါ်တင်

 မီယာမီ ၊ သြဂုတ်  - ၉ ။           ။ ဇနီးသည် ကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် စက်ဆုပ်ရွံရှာဖွယ်ရာ သေဆုံးနေ သည့် ဇနီးသည်၏အလောင်းပုံ ကို ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့သည့် အမေရိကန်အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က မေးမြန်းစုံစမ်း လျက်ရှိ ကြောင်း အာဏာပိုင်တို့ကပြော ကြားခဲ့သည်။

ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေး ခြင်းခံနေရသူသည် အသက်၃၁ နှစ်အရွယ်ရှိ ဒဲရက်မက်ဒီနာဆိုသူ ဖြစ်ပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့ သောသူ၏ဇနီးမှာ အသက်၂၆နှစ် အရွယ်ရှိ ဂျင်နီဖာအယ်လ်ဖွန်ဆို ဖြစ်သည်။ ဇနီးဖြစ်သူအား သတ် ဖြတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ ရဲ လက်အပ်နှံခဲ့ခြင်းဖြစ်သည်။ ယခု အခါ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ မီယာမီရှိရဲစုံထောက်များက သူ့ ကို စစ်ဆေးလျက်ရှိကြောင်း သိ ရသည်။

မက်ဒီနာသည် သူ့ကိုယ်သူ ရဲလက်အပ်နှံခြင်းမပြုမီ သွေးများ စွန်းပေနေသောဇနီးဖြစ်သူ၏မြင် မကောင်းရှုမကောင်း အလောင်း ဓာတ်ပုံအား ဖေ့စ်ဘွတ်ခ်ပေါ်တွင် တင်ခဲ့ပြီး 'ငြိမ်းချမ်းစွာအိပ်စက်ရစ်ပါ၊ ဂျင်နီ ဖာအယ်လ်မွန်ဆို'ဟူသော ပုံစာ ကိုပါ ရေးထိုး ခဲ့သည်ဟု သိရသည်။ ထို့ပြင် မက်ဒီနာက ''ကျွန် တော်ကတော့ ဇနီးကိုသတ်တဲ့အ တွက် ထောင်ထဲကို သွားရတော့ မယ်။ ဒါမှမဟုတ် သေဒဏ်ကျခံရ တော့မယ်။ ခင်ဗျားတို့ကတော့ ကျွန်တော့်အကြောင်းကို သတင်း စာထဲမှာ ဖတ်ရတော့ မှာဖြစ် တယ်'' ဟူ၍ မက်ဒီနာက ဖေ့စ်ဘွတ်ခ် ကြည့်ရှုသူများကို ရည်ညွှန်းကာ ရေးသားခဲ့သည်။

မက်ဒီနာက ထပ်မံ၍ရေးခဲ့ သည်မှာ သူ၏ဇနီးက သူ့ကို လက် သီးနှင့်ထိုးခဲ့ကြောင်း၊ ထိုသို့စော် ကားမှုမျိုးကို သူဆက်လက်သည်း မခံနိုင်ကြောင်း၊ သူပြုမူလုပ်ဆောင် ခဲ့မှုနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ် ကြည့်ရှုသူများ စာနာနားလည် မည်ဟု မျှော်လင့် မိကြောင်း စသည် ဖြင့် ရေးသားခဲ့သည်ဟု သိရသည်။ မက်ဒီနာ၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် သူ၏သေဆုံးနေသော ဇနီးသည်၏ အလောင်းဓာတ်ပုံ ကို တင်ထားခြင်းဖြစ်ပြီး ဓာတ်ပုံ အောက်ခြေတွင် သေဆုံးသူ ဂျင် နီဖာအယ်လ်မွန်ဆို ၏ မိတ်ဆွေ များအဖြစ် ယူဆရသူတို့၏ ပြော ဆိုမှုများကိုလည်း ဖော်ပြထားသည် ဟု သိရသည်။  

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment