Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 23, 2013

လင်းပိုင်များသည် အပေါင်းအဖော် လင်းပိုင်များ၏ အချက်ပေးသံကို နှစ်ပေါင်းနှစ်ဆယ်တိုင် မှတ်မိနေ

 ပုလင်းနှာခေါင်း လင်းပိုင်များသည် ၄င်းတို့ အပေါင်းအဖော်လင်းပိုင်များ၏ အချက်ပေးသံကို နှစ်ပေါင်း နှစ်ဆယ်ကျော်သည့်တိုင် မှတ်မိနေသည်ဟု သြဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်လိုက်သော လေ့လာချက် တစ်ရပ်က ဆိုသည်။ အဆိုပါ မှတ်ဉာဏ်သည် ပညာရှင်များ လေ့လာခဲ့သမျှသော တိရစ္ဆာန်မှတ်ဉာဏ်များ အနက် အကောင်းဆုံး မှတ်ဉာဏ်ဖြစ်သည်။ ထိုလေ့လာချက်ကို ဒေါက်တာ ဂျေဆင်ဘရပ်က ပြုစုခဲ့ခြင်း ဖြစ်ပြီး ဇီဝဗေဒဆိုင်ရာ သုတေသနဂျာနယ် ဖြစ်သည့် Proceedings B တွင် ဖော်ပြခဲ့သည်။ ဒေါက်တာဘရပ်သည် အမေရိကရှိ တိရစ္ဆာန်ရုံများနှင့် ငါးပြတိုက်များရှိ လင်းပိုင် ၄၃ ကောင်နှင့် ဘာမြူဒါရှိ လင်းပိုင်များကို လေ့လာခဲ့သည်။ သူသည် လင်းပိုင်များ၏ အချက်ပေးသံများကို အသံဖမ်းစက်ဖြင့် ဖမ်းယူကာ အခြားလင်းပိုင်များကို ဖွင့်ပြသည်။ 
အပေါင်းအဖော် လင်းပိုင်၏ အချက်ပေးသံ ဖြစ်ပါက လင်းပိုင်သည် ပြန်လည်အချက်ပေးပြီး စပီကာနားသို့ ကပ်လာကြောင်း၊ ၄င်းတို့ မသိသော လင်းပိုင်၏ အချက်ပေးသံ ဆိုပါက လင်းပိုင်သည် ထိုအသံကို ငြီးငွေ့လာကြောင်း ဒေါက်တာဘရပ်က ရှင်းပြသည်။ အတန်ကြာ ကွာဝေးနေခဲ့ရသော အပေါင်းအဖော် လင်းပိုင်၏ အချက်ပေးသံကိုလည်း လင်းပိုင်များက မှတ်မိသည်ပင် ဖြစ်ကြောင်း၊ လင်းပိုင်အထီး ဆိုလျှင် လင်းပိုင်အမ၏ အသံကိုမှ မှတ်မိသည်၊ ကာလရှည်ကြာ အတူနေခဲ့ရသော လင်းပိုင်၏ အသံကိုသာ မှတ်မိသည် ဟူ၍ မရှိကြောင်း၊ ၄င်းတို့သည် အပေါင်းအသင်း လင်းပိုင်တိုင်း၏ အချက်ပေးသံ မှန်သမျှကို မှတ်မိတတ်ကြကြောင်း ဒေါက်တာဘရပ်က ဆက်လက် ပြောကြားသည်။ 'သူတို့ရဲ့ မှတ်ဉာဏ်ကို ငါးနှစ်၊ ၁၀ နှစ်လို့ပဲ ထင်ထားတာ။ ခုတော့ နှစ် နှစ်ဆယ်ကျော်တောင်တဲ့ဗျာ။ အဲဒီအချက်ကို ရှာတွေ့သွားတော့ ကျုပ်လည်း အရမ်းကို အံ့သြသွားမိတယ်' ဟု ၄င်းက ဆိုသည်။ လင်းပိုင်သည် ပျမ်းမျှသက်တမ်း နှစ်၂၀ ဖြစ်သည်။ သို့သော် အခိျု့လင်းပိုင်များသည် ၄၅နှစ်ကျော်ခန့် အထိ အသက်ရှည်နိုင်သည်။
credit;SMG

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment