Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 23, 2013

လူ့နားရွက်တုဖန်တီးနိုင်တော့မည်

 ဘော့စတွန်မြို့မှာရှိတဲ့ မက်ဆာချူးးဆက်ဆေးရုံကြီးမှ သုတေသီတွေက တိရစ္ဆာန်တစ်သျှူးနဲ့ဆဲလ်မှ လူ့နားရွက်တုကို တည်ဆောက်နိုင်ပြီလို့ ဆိုပါတယ်။ လူ့နားရွက်လိုပဲ ကွေးနိုင်၊ ဆန့်နိုင်ပြီး သေးငယ်တဲ့ဝါယာကို အသုံးပြုထားတဲ့ အတွက် နားရွက်ကြီးထွားစဉ်မှာ အနည်းငယ်သာ အတိမ်းအစောင်း ရှိနိုင်တယ်လို့သိရပါတယ်။ ပုံသဏ္ဌာန်မမှန်တဲ့ နားရွက်နဲ့ မွေးဖွားလာသူ ဒါမှမဟုတ် မတော်တဆ ထိခိုက်ဒဏ်ရာရရှိတာကြောင့် နားရွက်ဆုံးရှုံးသွားသူတွေကို ကူညီနိုင်တော့မယ်လို့ ဆိုပါတယ်။ ယခင်ကလည်း ဒီအုပ်စုဟာ ကလေးအရွယ်နားရွက်တစ်ခုကို ပုံသွင်း ထုတ်လုပ်နိုင်ပြီး ကြွက်မှာ တပ်ထားပေးခဲ့တယ်လို့ သိရပါတယ်။ လူကြီးနားရွက်တုမှာ တိုင်တေနီယမ် ၀ါယာဘောင် ပါဝင်ပါတယ်။ နွားရဲ့ကော်လဂျင် ကို အသုံးပြုထားပြီး 3D ပုံစံပြုလုပ်ထားပါတယ်။ ခုခံအားစနစ်ချိုးနှိမ်ထားတဲ့ ကြွက်မှာ ၁၂ပတ်ကြာ ထည့်သွင်းထားပြီး ကြီးထွားစေတယ်လို့ သိရပါတယ်။ ၁၂ပတ်အကြာမှာ CT Scan ရိုက်ကြည့်ပြီး တိုင်တေနီယမ်ဘောင်အတွင်းမှ နားရွက်ရဲ့အရှည်၊ အကျယ်၊ အနက်၊ အကွေ့အကောက်တွေ အကုန်လုံးကို တိုင်းတာခဲ့ရာမှာ အနည်းငယ်သာ အတိမ်းအစောင်းရှိတယ်လို့သိရပါတယ်။
credit;SMG

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment