Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 10, 2013

အသံတိတ် လူသတ်ရောဂါများအကြောင်း သိသင့်သော အချက် ၁၀

(၁) “အသံတိတ် လူသတ်ရောဂါ” ဆိုတာ ရောဂါလက္ခဏာ လုံးဝမပြတဲ့ ဒါမှမဟုတ် ရောဂါလက္ခဏာ နည်းနည်းပဲ ပြတဲ့ ရောဂါကို ဆိုလိုပါတယ်။ ဒီရောဂါတွေကို မကုသဘူးဆိုရင် သေဆုံးစေနိုင်ပါတယ်။
(၂) နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုသွေးချို ရောဂါတွေက အဓိက အသံတိတ် လူသတ်ရောဂါတွေ ဖြစ်ကြပါတယ်။
(၃) ကျောက်ကပ်ဆဲလ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးတွေကလည်း တခြား လူသိနည်းတဲ့ အသံတိတ် လူသတ်ရောဂါတွေ ဖြစ်ကြပါတယ်။
(၄) နှလုံးရောဂါဟာ နံပါတ်တစ် အသံတိတ် လူသတ်ရောဂါ ဖြစ်ပါတယ်။ နှလုံးရောဂါ ဖြစ်စေတဲ့ အဓိကအချက်တွေက သွေးတိုးတာ၊ ဆေးလိပ်သောက်တာ၊ အထိုင်များတဲ့ဘဝ နေထိုင်စားသောက်မှု ပုံစံရှိတာနဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော မြင့်တက်တာတို့ ဖြစ်ကြပါတယ်။
(၅) ကင်ဆာကို နောက်ထပ် အသံတိတ် လူသတ်ရောဂါကြီး တစ်ခုအဖြစ် ဆိုကြပါတယ်။ တစ်နှစ်မှာ ကင်ဆာကြောင့် သေဆုံးသူ ဦးရေက ၆ ဒသမ ၂ သန်း ရှိပြီး လူရှစ်ဦး သေဆုံးတိုင်း တစ်ဦးဟာ ကင်ဆာကြောင့် ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းဟာ AIDS၊ တီဘီရောဂါနဲ့ ငှက်ဖျားရောဂါတို့ကြောင့် သေဆုံးမှု စုစုပေါင်းထက် ပိုများနေပါတယ်။
(၆) ဆေးလိပ်သောက်တာက ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့လိုပဲ အသံတိတ် လူသတ်ရောဂါ ဖြစ်စေတဲ့ အဓိက ဆိုးကျိုး တစ်ရပ်ပါ။ ဆေးလိပ်သောက်တာကြောင့် အဆုတ်ကင်ဆာကို ၈၇ ရာခိုင်နှုန်း ဖြစ်စေနိုင်ပါတယ်။
(၇) မီးခံကျောက်ဂွမ်း အမှုန့်တွေကို ရှူရှိုက်မိတာကြောင့် ဖြစ်တဲ့ အဆုတ်မြှေး၊ ဝမ်းတွင်းမြှေး၊ နှလုံးကာမြှေးကနေ ဖြစ်တဲ့ ကင်ဆာရောဂါက လတ်တလောမှာ ပျောက်ကင်းတဲ့ ကုသမှု မရှိသေးပါဘူး။
(၈) ကမ္ဘာပေါ်မှာ ဆီးချိုသွေးချို ရောဂါရှိသူပေါင်း ၂၄၆ သန်း ရှိပြီး နှစ်စဉ် လူဦးရေ ၃ ဒသမ၂ သန်းခန့်ဟာ ဆီးချိုသွေးချို ရောဂါကြောင့် ဒါမှမဟုတ် ဆီးချိုရောဂါနဲ့ ဆက်စပ်နေတဲ့ အကြောင်းရင်းတွေကြောင့် သေဆုံးကြတယ်လို့ ခန့်မှန်းထားပါတယ်။
(၉) အိပ်ရင်း အသက်ရှူလိုက်၊ ရပ်လိုက်ဖြစ်တဲ့ ရောဂါက လေဖြတ်ခြင်းနဲ့ အိပ်ရင်း ရုတ်တရက် သေဆုံးမှုဖြစ်စေတဲ့ ဆိုးကျိုးတစ်ခုပါ။ အဝလွန်တာကြောင့် အိပ်ရင်း အသက်ရှူလိုက်၊ ရပ်လိုက် ဖြစ်နိုင်ခြေ များပါတယ်။
(၁၀) ကျန်းမာရေးကို အသံတိတ် ထိခိုက်စေတဲ့ အကြောင်းအချက်တွေထဲမှာ အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးကူးစက်မှုလည်း ပါဝင်ပါတယ်။ ဒီပိုးတွေကြောင့် အသည်းခြောက်တာ၊ အသည်းကင်ဆာနဲ့ သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာပေါ်က လူဦးရေ သန်းပေါင်း ၅၃၀ ဟာ ဒီဗိုင်းရပ်စ်ပိုးတွေကို ခံစားနေရပါတယ်။ တစ်နှစ်မှာ လူဦးရေ သုံးလေးသန်းခန့်ဟာ ဒီဗိုင်းရပ်စ်ကို ကူးစက်ဖြစ်ပွား နေပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေး ရှိပေမယ့် စီပိုးအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။ နှစ်မျိုးစလုံးအတွက် ကုသနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment