Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, August 14, 2013

သေနတ်ပြ ခြိမ်းခြောက်ခဲ့သည်ဟု တိုင်ကြားခံရသည့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး၏ ကိုယ်ရံတော် ဗိုလ်မှူးချုပ်အမှုကို စတင်စစ်ဆေး

 From;The Yangon Times
Wednesday, August 14, 2013
သေနတ်ပြ ခြိမ်းခြောက်ခဲ့သည်ဟု တိုင်ကြားခံရသည့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး၏ ကိုယ်ရံတော် ဗိုလ်မှူးချုပ်အမှုကို စတင်စစ်ဆေး

ရန်ကုန် ၊ သြဂုတ် - ၁၃ ။ ။ တောင် သူလယ်သမားများကို သေနတ် ပြကာ ခြိမ်းခြောက်ခဲ့သည်ဟု တိုင် ကြားခံရသည့် အငြိမ်းစားဗိုလ် ချုပ်မှူးကြီး၏ ကိုယ်ရံတော်ဗိုလ် မှူးချုပ်တစ်ဦးဖြစ်သူ၏အမှုကို လယ်ဝေးရဲစခန်းက ဩဂုတ် ၁၂ ရက် မှ စတင်ကာ စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် လက်ရှိအချိန်၌ အဓိကတိုင်ကြား ခြင်းခံရသော ဗိုလ်မှူးချုပ်စိုးရှိန်၏ တပည့် ဗိုလ်မှူးလှိုင်မျိုးဝင်းကို စစ်ဆေးနေခြင်းဖြစ်ကာ ဇူလိုင် ၆ရက်နေ့က လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စု အင်း တိုင်သာရွာရှိ ကိုအောင်သန်းဦး ၏လယ်မြေသို့သွားရောက်ကာ ဗိုလ်မှူးချုပ်စိုးရှိန်က လယ်သမား များကိုသေနတ်ပြပြီး ''ငါ့လယ် မြေကိုဝင်လုပ်ရင် ပစ်သတ်မယ်'' ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့ နောက် ၄င်း၏တပည့် ဗိုလ်မှူးလှိုင်မျိုးဝင်း ကတောင်သူ မခင် တင့်၏ လယ်ကို ရောက်လာပြီး မခင်တင့်၏ရင်ဘတ်ကိုဆွဲကာ လက်သီးဖြင့်ထိုး ရန်ကြံစည်ခဲ့သော ကြောင့် ကာယကံရှင်နှစ်ဦးက သက်သေများနှင့်အတူလယ် ဝေး ရဲစခန်းသို့ စာရေးကာတိုင်ကြား ခဲ့ကြောင်း မှုခင်းအထူးရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာ ရှိ တစ်ဦးက ရန် ကုန်တိုင်းသတင်းစာသို့ ထုတ် ဖော်ပြောကြားလိုက် သိရသည်။

ယင်းအမှုကို လယ်ဝေးရဲစ ခန်းကလက် ခံစစ်ဆေးပေးလျှက် ရှိကြောင်းသိရသည်။ ယင်းကဲ့သို့ တိုင်ကြား မှုကိုစစ်ဆေးခြင်းနှင့် ပက်သက်ပြီး နေပြည်တော်မှုခင်း အထူး ရဲတပ်ဖွဲ့မှတာဝန်ရှိသူက ''လက်ရှိဦးစိုးရှိန်ရဲ့တပည့်ကိုစစ် တယ်။ နောက်ကျမှ ဦးစိုးရှိန်ကို ခေါ်စစ် မှာ။ လယ်ဝေးမြို့နယ်ရဲ တပ်ဖွဲ့မှ စခန်းမှူးကအသေးစိတ် စုံစမ်းတင်ပြနေပါတယ်။ သူကို တော့မြို့နယ်မှူးက တာဝန်ပေး ပြီးစစ်ခိုင်းတာ။ တင်ပြလာတာ တွေနဲ့ပတ်သက်ပြီးတော့မှ ရဲချုပ် ရုံးကစစ်တာ။ အသေးစိတ် တော့ စစ်နေတယ်။ဒီအမှုမှာပါဝင်ပတ် သက်တဲ့သူတိုင်းကိုစစ်မှာပါ''ဟုပြောသည်။

ယခင်ကလည်းဗိုလ်မှူးစိုးရှိန်နှင့်တပည့်များသည် ယင်းကဲ့သို့လယ်မြေများကို ၄င်းတို့ပိုင်ဆိုင်သည်ဟုဆိုကာ ယခုကဲ့သို့ ပင်တောင်သူများကို ခြိမ်းခြောက် မှုများပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။ ယင်းနှင့်ပတ် သက်၍ တရားလွှတ်တော်ရှေ့နေ ဦးမြင့်ကြိုင် က''ဖြစ်နိုင်ရင်ဒီလို အနိုင်ကျင့်ခံရတဲ့တောင်သူတွေ စုပြီး ဆန္ဒတောင်ဖော်ထုတ်သင့် တယ်။ ဒါမတရားမှုပဲ။ နိုင်ငံတော် အစိုးရအနေ နဲ့ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ပဲ တောင်းဆိုချင် ပါတယ်''ဟု ပြောသည်။အဆို ပါအမှု၏ ထူးခြားဖြစ်စဉ်များကို ရဲချုပ်ရုံးသို့ အစီရင်ခံစာတင်ရ ကြောင်းလည်းသိရသည်။ တိုင်းတန်း သူများနှင့် တိုင် ကြားခံရသူများအား ရန်ကုန်တိုင်းမ် နေ့စဉ်မှ ဖောင်ပိတ်ချိန်အမှီဆက် သွယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

ကျော်မြတ်ဇံ

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment