Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, August 13, 2013

အင်တာနက် ဒိုမိန်း အမည်သစ်များစွာထွက်ပေါ်လာ

 မကြာမီ အချိန်ကာလအတွင်း အင်တာနက်ပေါ်တွင် .comကဲ့သို့ လူသုံးများပြီး ဝက်ဘ်ဆိုက်၏ အမျိုးအစားကိုပါ ခွဲခြားဖော်ပြနိုင်မည့် ဒိုမိန်းအမည်ပေါင်း နှစ်ထောင်နီးပါးရှိလာလိမ့်မည်ဟု သိရသည်။ ထိုသို့ ဖောင်းပွလာရခြင်းမှာ .book၊ .catholicနှင့် .horseတို့ ကဲ့
သို့သော အမျိုးအစားအလိုက် တူရာစု ဝက်ဘ်ဆိုက်များကို ခွဲခြား ပစ်လိုက်ခြင်းကြောင့် ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ကာလကပင် ထိပ်သီး ဒိုမိန်းအမည် အရေအ တွက် မှာ ဆယ်ဂဏန်းပင် မပြည့်ခဲ့ဟု အသစ်ထွက်ပေါ်လာသည့် ဝက်ဘ်ဆိုက်များကို အမျိုးအစား ခွဲခြားရာတွင် ပါဝင်လုပ်ဆောင်ပေးနေ သည့် အငယ်ဆုံး သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ခရိတ်ခ်ပက်ထရစ်ခ်ျက ဝါရှင်တန်ပို့စ် သတင်းစာကို မကြာသေးမီက ပြောကြားခဲ့ဖူးသည်ဟု ဆို၏။
ကမ္ဘာ့အသုံးအများဆုံး ဒိုမိန်းအမည်သည် .com မဖြစ်ပဲ Coporateကို ကိုယ်စားပြုသည့် .corဟု ဖြစ်လာလုနီးပါး ဖြစ်ခဲ့သည်ဟု ဆိုသည်။ ၎င်းနောက်တွင်မှ .edu၊ .orgနှင့် .net စသည်တို့ ပေါ်လာခြင်း ဖြစ်သည်။ .comသည် ယခုအခါ ခေတ်ဟောင်း ဒိုမိန်းတစ်ခု ဖြစ်လာပြီး အင်တာနက် ဒိုမိန်းအမည် အပြောင်းအလဲ များများစားစား မြင်တွေ့ရဖွယ် ရှိသည်ဟု ဆိုသည်။

“လူတွေအနေနဲ့ သူတို့ရဲ့ Browserကနေတစ်ဆင့် ကမ္ဘာအသစ်စက်စက် ကြီး တစ်ခုကို မြင်တွေ့ရတော့မှာပါ”ဟု အင်တာနက် ဝက်ဘ်ဆိုက် အမည်များ ကို ကွပ်ကဲနေသည့် အဖွဲ့ဖြစ်သော ICANNမှ ဘရဒ်ဝိုက် က ပြောသည်ဟု သိရသည်။

Myanmar ICT

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment