Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 31, 2013

မြ၀တီဘဏ်ရုံးချုပ်၏ အဆောက်အအုံတွင် စတော့ဈေးကွက် စင်တာ ပြုလုပ်ရန် မြ၀တီဘဏ် ရွှေ့ပြောင်းပေးရမည်


စတော့ဈေးကွက် ထူထောင်ရန် အတွက် နေရာကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဆူးလေဘုရား လမ်းထောင့်ရှိ မြ၀တီဘဏ်ရုံးချုပ်နေရာတွင် လုပ်ဆောင်သွားမည် ဖြစ်ရာ လာမည့်လ အနည်းငယ်အတွင်း မြ၀တီဘဏ်၏ လုပ်ငန်းဆောင်တာများ နေရာရွှေ့ပေးရန် အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၄-၈-၂၀၁၃ ရက်က သတင်းရရှိသည်။ အဆိုပါ မြ၀တီဘဏ် အဆောက်အအုံကြီးမှာ အစိုးရပိုင် အဆောက်အအုံ တစ်ခု ဖြစ်ပြီး မြ၀တီဘဏ်က ခေတ္တငှားရမ်းကာ ဘဏ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ အဆောက်အအုံကြီးမှာ ကုန်သည်လမ်းဘက် အခြမ်းတွင် ပွဲစားများ ကျင်းလည် ကျက်စားရာ နေရာဖြစ်ပြီး ဆူးလေဘုရားအနီး ဧမာနွေလ ကျောင်းဘေးမှ ငွေလဲရာ ဈေးကွက်ထက် လူအင်အား ပိုများသော နေရာ ဖြစ်နေသည် ဟုလည်း သိရသည်။ 
'' ၀န်ကြီးဌာနကတော့ စာပို့လိုက်ပြီ၊ နောက် နှစ်လလောက်ဆိုရင် မြ၀တီဘဏ်က ဖယ်ပေးရတော့မယ်။ အဲဒီမှာ စတော့ဈေးကွက် ထူထောင်မယ်'' ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ထုတ်ဖော် ပြောကြားသည်။ ''စတော့ဈေးကွက်က နေရာတစ်ခုမှာ စပြီး ဖွင့်တယ် ဆိုပါစို့၊ ကျွန်တော်တို့ ဘက်က ဈေးကွက်တင်ဖို့ လုပ်ရမှာပ၊ဲ နိုင်ငံတကာကို ရောင်းချခွင့်ပေးရင် ကျွန်တော်တို့ရဲ့ ရှယ်ယာတန်ဖိုးတွေ တက်လာမယ်။ လုပ်ငန်းတွေပိုပြီး အဆင်ပြေမှာပါ '' ဟု ဒေါက်တာစိုင်းဆမ်ထွန်းက သုံးသပ်သည်။ အဲဒီမြေနဲ့ အဆောက်အအုံက အစိုးရပိုင်တွေလေ ဒါ့ကြောင့်ဘာမှ ပြဿနာ မရှိပါဘူး''ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ Diwa နဲ့ပေါင်းပြီး ကုမ္ပဏီတွေကို Training ပေးဖို့ လုပ်နေတယ်။ ပြီးတော့ လိုအပ်တဲ့ စက်ပစ္စည်းတွေ အဲဒီမှာ သွားထားဖို့ ရှိတယ်။ ဒီနှစ်ကုန်လောက်ကျရင် စကော့ဈေးကွက် အစီအစဉ် စတင်ပြီ ''ဟု ဒုတိယ၀န်ကြီးက ဆက်လက် ပြောကြားသည်။ နိုင်ငံတော်သမ္မတက Security Exchange Law ကို ပြီးခဲ့သော ရက်ပိုင်းက ထုတ်ပြန်ပေးခဲ့သည့် အတွက် လုပ်ငန်းဆောင်တာများကို မြန်ဆန်စွာ စတင် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။
''ရန်ကုန်ကိုပဲ အရင်စမယ်။ မန္တလေးတို့ နေပြည်တော်တို့ ဆိုတာက လိုသေးတယ်။ နေပြည်တော်ဆိုရင် အစိုးရ ရုံးစိုက်ရာ ဆိုတော့ ကုမ္ပဏီတွေ အတွက် မလိုအပ်သေးဘူး။ ဒီလိုပဲ အခြားမြို့ကြီးတွေမှာလည်း စတော့ရဲ့ ဖွံ့ဖြိုးမှုပေါ် ကြည့်ပြီး လှုပ်ရှားသွားမယ် ''ဟု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
SMG

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment