Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 31, 2013

ဆီးရီးယား အစိုးရက စကာ့ဒ္ဒံုးက်ည္မ်ားကို နေရာ ရွှေ့ပြောင်း


ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်၏ တပ်ဖွဲ့များသည် ဒမတ်စကပ်မြို့တော် မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးမားဆုံး စစ်ခရိုင်ဖြစ်သည့် Qalamoun တောင်ခြေ စစ် အခြေစိုက်စခန်းမှ စကာ့ဒ်ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာ ဒါဇင်ပေါင်းများစွာကို အနောက်အုပ်စု၏ တိုက်ခိုက်လာနိုင်မှုမှ ကာကွယ်သည့် အနေဖြင့် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သြဂုတ် ၃ဝ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ သို့ရာတွင် အာဆတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် စစ်လက်နက် ပစ္စည်းများကို အကန့်အသတ်ဖြင့်သာ တပ်ဖြန့် ချထားကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ အနောက်ပိုင်းတွင် အခြေစိုက် သည့် အမှတ်(၁၅၅) ဒုံးတပ်မဟာသည် ရွှေ့ပြောင်း ပစ်ခတ်နိုင်သော စကာ့ဒ်ဒုံးကျည် ဒါဇင်ပေါင်း များစွာကို ၎င်းတို့၏ အခြေစိုက်စခန်းမှ မြောက်ဘက်ရှိ Homs မြို့သို့ သယ်ယူလျက် ရှိသည်ကို သူပုန်ကင်းထောက် အဖွဲ့များမှ တွေ့မြင်ခဲ့ရကြောင်း သိရသည်။

သူပုန်များ၏ အဆိုအရ ဒုံးကျည် အစိတ်အပိုင်းများ၊ ဒုံးပစ်လောင်ချာများနှင့် ဆက်စပ်ပစ္စည်းများကို တာပေါ် လင်စများဖြင့် ဖုံးအုပ်ကာ နောက်တွဲယာဉ်များဖြင့် သယ်ဆောင်၍ ရွှေ့ပြောင်းလျက်ရှိကြောင်း၊ ၎င်းရွှေ့ပြောင်းမှုတွင် ကီလိုမီတာ ၃ဝဝ ကျော်အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့် အရှည် ၁၁ မီတာရှိ စကာ့ဒ်ဒုံးကျည် နှစ်ဒါဇင်ထက် မနည်း ပါဝင်ကြောင်း သိရသည်။

MWD

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment