Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, August 13, 2013

အမျိုးသမီးများကိုကာကွယ်မှုပေးမည့်ကွန်ဒွန်

၂၆ စက္ကန့်တိုင်းတွင် မုဒိန်းမှုဖြစ်ပွားသော တောင်အာဖရိကနိုင်ငံတွင် Dr. Sonnet Ehlers ဆိုသူ အမျိုးသမီးတစ်ဦးက မုဒိန်းကျင့်ခြင်းမှ ကာကွယ်နိုင်မည့် Rape-aXe ခေါ်သော ကွန်ဒုံးကို တီထွင်ခဲ့လေသည်။ တီထွင်သူDr. Sonnet Ehlers
က အဆိုပါကွန်ဒုံး သည် မတော်မတရားပြုကျင့်ခြင်း ခံရမည့်ဘေးမှ ကာကွယ်နိုင်သည့်အပြင် ခုခံအားကျဆင်းမှု အပါအဝင် အခြားသောလိင်ရောဂါများ နှင့်အတူ မလိုလားအပ်သော ကိုယ်ဝန်ဆောင် ခြင်းမှလည်း ကာကွယ်နိုင်မည်ဟု
ဆိုသည်။

အဆိုပါကွန်ဒုံးသည် အတွင်းဘက်၌ ဘရိတ်ဒါးကဲ့သို့ထက်သော ဒါးသွားများ ပါရှိကာ ဓမ္မတာလာစဉ် အသုံးပြုသည့် tampon ကဲ့သို့ပင် မိန်းမကိုယ်အတွင်းသို့ ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။ မုဒိန်းကျင့်ရန်ကြံစည်သူသည်မိန်းမကိုယ်အတွင်း လိင်တံကိုထည့်လိုက်သည်နှင့် လိင်တံတွင် ဒါးသွားများလာရောက် စိုက်မိပြီး မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရမည်ဖြစ်သည်။ လိင်တံကို ဆွဲနှုတ်ချိန်တွင် အဆိုပါ ကွန်ဒုံးသည်လည်းလိင်တံနှင့်အတူ ကပ်ရပ်ပါသွားမည်ဖြစ်သည်။

ထိုအချိန်တွင် အမျိုးသမီးသည် ထွက်ပြေးရန် အခွင့်အရေးရမည် ဖြစ်သည်။ အဆိုပါ ကွန်ဒုန်းကို လွယ်လင့်တကူ ဖယ်ရှား၍ မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မည် ဖြစ်၍ မုဒိန်းသမားကို ဆေးရုံ ဆေးခန်းမှ တာဝန်ရှိသူကရဲကိုအကြောင်းကြားခြင်းဖြင့် လက်ရဖမ်းမိမည် ဖြစ်သည်။ လိင်တံတွင် စိုက်မိနေသော ဒါးသွားများသည် အရေပြားကိုသာ ထွင်းဖေါက်မည်ဖြစ်ပြီး အရေပြားအောက်တွင် ရှိသော တစ်ရှုးကို ထိမည်မဟုတ်သဖြင့် သွေးထွက်မည်မဟုတ်။

သို့ဖြစ်၍ သွေးမှရရှိသော အခြားရောဂါများကို အမျိုးသမီးအနေဖြင့် စိုးရိမ်စရာမလိုဟု ဆိုသည်။

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment