Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 24, 2013

1Gbps အမြန်နှုန်းနဲ့ ဒေတာပို့လွှတ်နိုင်မည့် လေဆာရောင်ခြည်အသုံးပြု ကြိုးမဲ့ဆက်သွယ်မှုစနစ်


တရုတ်(တိုင်ပေ)နိုင်ငံ၊ တိုင်ပေအမျိုးသား နည်းပညာတက္ကသိုလ်က ပညာရှင်တွေဟာ လေဆာရောင်ခြည်ကို အသုံးပြုထားတဲ့ ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာတစ်ခုကို စမ်းသပ်ခဲ့ကြပါတယ်။ ယခုစမ်းသပ်မှုမှာ ရှုပ်ထွေးတဲ့ လေဆာကိရိယာတွေအစား AAA ဓာတ်ခဲ့အသုံးပြုရတဲံ ဓာတ်ခွဲခန်းသုံးလက်ကိုင်လေဆာပွိုင့်တာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

အနီရောင်နဲ့ အစိမ်းရောင်ကို အသီးသီးအသုံးပြုတဲ့ လေဆာပွိုင့်တာ နှစ်ခုကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ လေဆာပွိုင့်တာတစ်ခုဆီမှာ 500 Mbps ဒေတာ ပို့လွှတ်နှုန်းရှိတဲ့ ကြိုးတစ်ချောင်းဆီ ချိတ်ဆက်ပြီး Receiver ဆီကို ချိန်ပြီး ဒေတာပို့လွှတ်ခြင်းဖြစ်ပါတယ်။ Receiver က လေဆာပွိုင့်တာနှစ်ခုက အချက်အလက်တွေကို စုပေါင်းပြီး 1Gbps အမြန်နှုန်းရှိတဲ့ ဒေတာလမ်းကြောင်းတစ်ခုအဖြစ် ပြန်လည်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Receiver နဲ့ လေဆာပွိုင့်တာတွေအားလုံးရဲ့ ကုန်ကျစရိတ် ဒေါ်လာ ၆၀၀ ခန့်သာရှိတယ်လို့ ဆိုပါတယ်။

လေဆာရောင်ခြည်သုံး ကြိုးမဲ့ကွန်ရက်ချိတ်ဆက်မှုကို ၂၅ မီတာအကွာအဝေးအထိ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ အခြား ကြိုးမဲ့ကွန်ရက် ဆက်သွယ်မှုနည်းပညာတွေထက် ပိုမိုမြန်ဆန်တဲံအပြင် အမှားအယွင်းဖြစ်နိုင်ချေလည်း ပိုမိုနည်းပါတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လေဆာပွိုင့်တာနဲ့ Receiver ကို မျက်နှာပြင်တတန်းတည်းထားရှိဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။
credit;Tech space

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment