လည်ပင်းကြီးရောဂါအကြောင်းကို မိတ်ဆွေတော်တော်များများက မေးကြပါတယ် ၊ အခုနောက်ပိုင်း အဖြစ်များလာသောကြောင့်ထင်မိပါတယ်။ မိန်းကလေးများ သိချင်ဆုံးဖြစ်ပြီး ဖြစ်နေခြင်းကိုလည်း မသိဘဲ နှလုံးလား သွေးသားလားဆိုပြီး ထင်ရောင်ထင်မှားဖြစ်တက်သည့် ရောဂါလည်းဖြစ်ပါတယ် ။
ဒီလည်ပင်ကြီးရောဂါဆိုသည်မှာ လည်ပင်းမှာရှိတဲ့ သွိုင်းရွိုက် (THYROID) လို့ခေါ်တဲ့ ဟော်မုန်းထုတ်ပေးတဲ့ အကျိတ် ကြီးလာတဲ့ရောဂါကို လည်ပင်းကြီးရောဂါလို့ ခေါ်ပါတယ်။ဒီလည်ပင်ကြီးခြင်းကို ဆေးပညာဝေါဟာရအရ GOITRE လို့ခေါ်တယ်။ ဘာကြောင့်ဖြစ်ရတာလည်းလို့ ပြောရရင် အဓိကအနေထားတော့ လူတို့စားသောက်တဲ့ အစားအသောက်နဲ့ ရေထဲမှာ အိုင်အိုဒင်းချို့တဲ့တဲ့အတွက်ကြောင်း ဖြစ်ပွားရပါတယ်။ အိုင်အိုဒင်းချို့တဲ့ ရောဂါကို မြန်မာနိုင်ငံအတွင်း တောင်တန်းဒေသတွေ၊ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အတွေ့ရများပါတယ်။
အမျိုးသမီးငယ်တွေ အပျိုဖော်ဝင်ခါစမှာလည်း ဇီဝကမ္မဖြစ်စဉ်အရ လည်ပင်းကြီးလာတက်ပါတယ်။ အဲဒါကတော့ စိုးရိမ်စရာမရှိပါဘူး။ အသက်ကြီးလာ ရင် ပြန်ငယ်သွားပါတယ်။ လည်ပင်းကြီးရောဂါဟာ အသက် ၂၀ နဲ့ ၃၀ ကြား မိန်းမတွေမှာ အဖြစ်များပါတယ်။
အခုလို လည်ပင်ကြီးနေပြီုဆိုလျှင် မြင်လိုက်ရုံနဲ့ လည်ပင်းကြီးနေတာ သိသာပါတယ်။ တံတွေးမျိုလိုက်ရင် ဇလုပ်ရဲ့ရှေ့မှာရှိတဲ့ အကျိတ်က တံတွေးအောက် ကို ကျသွားတာနဲ့အမျှ အကျိတ်က အပေါ်ကိုတက်သွားပါတယ်။ လျှာထုတ်ခိုင်းလိုက်ရင်တော့ အပေါ်ကိုလိုက်မတက်ပါဘူး။ မျက်လုံးတွေနဂိုထက် ပြူးလာမယ် သိသာထင်ရှားသော မျက်လုံးအနေအထားဖြစ်ပေါ်လာခြင်း နှင့် ပိုပြီး သေချာအောင် လည်ပင်းကို အာထရာဆောင်းရိုက်ကြည့်ရင် သိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း အိုင်အိုဒင်းချို့တဲ့ခဲ့ရင် ဉာဏ်ရည်ဉာဏ်သွေး မပြည့်ဝတဲ့ ကလေးတွေ မွေးဖွားတက်ပါတယ်။ ကြီးလာရင်လည်း IQ မပြည့်ဝတဲ့အတွက် ဉာဏ်ရည်ဉာဏ်သွေး မထက်မြတ်တဲ့ကလေး ဖြစ်လာနိုင်ပါသည် ။
အိုင်အိုဒင်းဆားကို သုံးစွဲကြပါလို့ ပြောနေကြပေမဲ့ ဒီအိုင်အိုဒင်းဆားကို မစားနဲ့လို့ အချို့ ဆရာဝန်တွေ ကိုယ်တိုင်ကတောင် ပြောနေကြပါတယ်။တစ်ချို့ အမျိုးသမီးများဆိုလျှင် အိုင်အိုဒင်းဆား လွန်ကဲခြင်းကြောင့်လည်းဖြစ်ကြပါတယ် ။
အခုလို လည်ပင်ကြီးခြင်းဖြစ်နေပေမဲ့ မည့်သည့်ရောဂါလိုလိုဖြစ်ပြီး ဆရာလည်းစုံ သမား လည်းကုန် ဖြစ်နေကြလို့ လည်ပင်ကြီးရောဂါနှင့် ပတ်သက်သည့်အကြောင်းကို
ကျွန်တော်မှတ်သားမိသော ဆေးလောက ( ၃ ) တွင် ရေးသားခဲ့ဘူးပါသည် ။
Socializer Widget By Blogger Yard
Related Posts:
ကျန်းမာရေးအသိပညာ
0 comments:
Post a Comment