Subscribe For Free Updates!

We'll not spam mate! We promise.

Thursday, May 2, 2013

မြန်မာငွေစက္ကူ အတု၊ အစစ် ခွဲခြားသော ပထမမျိုးဆက် ဥာဏ်ရည် စွမ်းဆောင်မှု အားကောင်းသည့် မြန်မာငွေရေစက် ဈေးကွက်ဝင်လာ..

 မြန်မာငွေစက္ကူ (၅၀၀၀) တန်၊ (၁၀၀၀၀) တန်ကို အတု၊အစစ် ခွဲခြားပေး
သော ပထမမျိုးဆက် ဥာဏ်ရည်စွမ်းဆောင်မှု အားကောင်းသည့် မြန်မာ
ငွေရေစက်တစ်မျိုး ဈေးကွက်ဝင်လာကြောင်း မြန်မာငွေရေစက် ရှင်းလင်းပြ
မှု ပွဲတော်မှ သိရသည်။ မြန်မာငွေကို အတု၊ အစစ် ခွဲခြားရန် အလွန်ခက်ခဲ
၍ မြန်မာနိုင်ငံ၏ သမိုင်းတွင် ငွေစက္ကူအတု၊ အစစ် စစ်ဆေးရေး အသိဥာဏ်
စက်မျိုး ပေါ်ပေါက်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း သိရသည်။ “မြန်မာငွေ
မှာ အခြားငွေတွေလို သံလိုက်စွမ်းအား မပါတဲ့အတွက် ခရမ်းလွန်ရောင်ခြည်
နဲ့ပဲ ငွေအတုအစစ်ကို အဆုံးအဖြတ် ပေးရတာဖြစ်တယ်။ အကြီး၊ အသေး
အရွယ်အစားကလည်း မတူညီတဲ့အတွက် အတုအစစ် ခွဲခြားရခက်ပါတယ်။
ဒါကြောင့် မြန်မာငွေစက္ကူမျက်နှာစာ ပန်းချီအရုပ်အပေါ် မူတည်ပြီး အလင်း၊
လျှပ်စစ်စသော အဆင့်မြင့် နည်းပညာများကို အသုံးပြုပြီး သုတေသန
ပြုလုပ်ထားသည့် အဆင်မြင့် နည်းပညာသုံး သုတေသနစက် ဖြစ်ပါတယ်”
ဟု တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ထိုစက်သည် တူညီ
သော ငွေစက္ကူများကြားတွင် မတူညီသော တစ်ရွက်ရောနှောလျှင် သတိ
ပေးခြင်း (ဥပမာ- တစ်သောင်းတန်များကြားတွင် ငါးရာတန်၊ တစ်ရာတန်များ
ညှပ်နေခြင်း)၊ မိမိလိုချင်သော ရွက်ရေအတိုင်း သတ်မှတ်နိုင်ခြင်း၊ ငွေအတု၊
အစစ် ခွဲခြားပေးနိုင်ခြင်း၊ မြန်နှုန်းမြင့်ပြီး ငွေစက္ကူ အဟောင်း၊ အနွမ်းများကို
ပါ ရေတွက်နိုင်ခြင်း စသော ဥာဏ်ရည်စွမ်းဆောင်မှုများနှင့် ပြည့်စုံကြောင်း
သိရသည်။ မြန်မာငွေရေစက် ရှင်းလင်းပြမှု ပွဲတော်ကို မြန်မာနိုင်ငံတော်
ဗဟိုဘဏ် ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်နှင့်
တာဝန်ရှိသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြကြောင်း သတင်းရ
ရှိသည်။
Credit:SkyNet TV Browser

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment