Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, April 16, 2013

မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား




အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တော် တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ဦးခန့်ရှိကြောင်း သိရှိရသည်။

ဘော်စတွန်မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်သည့် ဘော်စတွန်မာရသွန်ပြိုင်ပွဲ၏ ပန်းဝင်စည်းအနီးတွင် ဗုံးနှစ် လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါ မာရသွန်ပြိုင်ပွဲသို့ ထောင်နှင့်ချီသော ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ဘော်စတွန်မြို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံတစ်ဝန်းတွင် လုံခြုံရေးကို လိုအပ်သလို တိုးမြှင့် သွားမည်ဖြစ်ကြောင်းနှင့် ဗုံးပေါက်ကွဲမှုအ တွက် ကျူးလွန်သူကို ဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောကြားသည်။

လတ်တလောတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဆော်ဒီနိုင်ငံသားတစ်ဦး အားစုံစမ်း စစ်ဆေးရေး အရာရှိ များ က သံသယရှိနေကြကြောင်းသိရှိရသည်။






Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment