Subscribe For Free Updates!

We'll not spam mate! We promise.

Monday, April 15, 2013

မောင်းသူမဲ့ လေယာဉ်အား လေဆာဖြင့် ပစ်ချပြခဲ့သည့် အမေရိကန်ရေတပ်








ကြားလိုက်ရတာတော့ ခေတ်ရှေ့ပြေး သိပ္ပံရုပ်ရှင် ဆန်ဆန်ပါပဲ။ ဒါပေမယ့် လေဆာတွေဟာ အနာဂတ်ရဲ့ လက်နက်တွေဆိုတာ ငြင်းလို့ မရတော့ပါဘူး။ မောင်းသူမဲ့ လေယာဉ်တွေ (Drones) ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါဆိုရင် အနာဂတ်ရဲ့ အဓိက စစ်လက်နက်ပစ္စည်း ၂ ခုကို ထိပ်တိုက်တွေ့ပေးလိုက်ရင် ဘာဖြစ်လာမလဲ။ စိတ်မကောင်းစရာပါပဲ။ ယခု ပြိုင်ပွဲမှာတော့ drone ဟာ မရှုမလှ ရှုံးသွားရပါတယ်။

အမေရိကန်စစ်တပ်ဟာ လေဆာတွေကို စစ်လက်နက်အဖြစ် စမ်းသပ်နေတာ အချိန်အတန် ကြာနေပါပြီ။ လေတပ်ကလည်း အနာဂတ်မှာ ယင်းတို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲလေယာဉ်မှာ လေဆာလက်နက်တွေနဲ့ အစားထိုးဖို့ ရည်ရွယ်ထားသလို မောင်းသူမဲ့ လေယာဉ်တွေအတွက် လောင်စာအဖြစ်လည်း အသုံးပြုဖို့ စမ်းသပ်နေပါတယ်။ ဒါဆိုရင် ရေတပ်ကကော။

အမေရိကန် ရေတပ်ကတော့ လေဆာလက်နက် စမ်းသပ်မှုအပိုင်းတွင် ဦးဆောင်နေပြီး ယင်းတို့၏ Laser Weapons System (LaWS) ဟာ အတော်လေးကို ခရီးရောက်နေပြီ ဖြစ်ပါတယ်။

ယခု ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုဟာ ယခင်တွေ့ဖူးသမျှစမ်းသပ်မှုတွေထဲမှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးလို့ ပြောလို့ရတဲ့ပြီး လေဆာ ၆ ခုကို ပေါင်းစပ်ပြီး လွန်စွာမှ တိကျပြီးပြင်းထန်တဲ့ လေဆာလက်နက်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။


credit to :https://www.facebook.com/intercakka

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment