Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, January 16, 2013

တို့တိုင်းတို့ပြည်


တို.တိုင်းပြည်

ထလော့ မြန်မာ၊ အို-မြန်မာတို.
တို.ရွာတို.မြေ၊တို.ရွာမြေ၀ယ်
စေတီစပါး၊များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အို မြန်မာတို.
တို.ရွာတို.မြေ၊ တို.ရွာမြေ၀ယ်
ရေချိုသောက်ရန်၊မြစ်ချောင်းကန်နှင့်
သီးနှံ ချိုပျား၊များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့ မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ.လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ.ရွာလဲ
ဤယာစပါး၊ ဘယ်သူ.စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ.ပန်း၍

တ၀မ်းတစိတ် ညီစေသတည်း။ ။

ဇော်ဂျီ

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment