Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, January 16, 2013

မင့်အိမ်

မင့်အိမ်

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက်မကောင်း
စိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည်
နေထိကြွေမည့် ပန်းယဉ်အိ။

လှိုင်းအိအယောင်
ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊ စံပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း၊ မင်း ရော်ရမ်းသည်
ပန်းအိ နေထိ ကြွေတော့မည့်။

မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို၊ အမိုးယိုသော်
မငြိုငြင်သင့်ပါ၊ မင့် တက်ဖာပေါ့
အကာ အခင်း၊ ပျက်ယိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့၊ အရွဲ့အစောင်း
မကောင်း မပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့် ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။ ။
ဇော်ဂျီ

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment