စင်ကာပူနိုင်ငံ၏ လေကြောင်းလိုင်း တစ်လိုင်းဖြစ်သည့် Tigerair လေ ကြောင်းလိုင်းမှ ပထမဆုံး အနေ ဖြင့် ရန်ကုန်-စင်ကာပူ ခရီးစဉ်ကို အောက်တိုဘာ ၁ ရက် မှစတင်၍ နေ့စဉ်ပျံ သန်းမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါလေကြောင်းလိုင်း မှ ရန်ကုန်-စင်ကာပူ ခရီးစဉ်ကို နေ့စဉ်ပျံ သန်းပေးမည်ဖြစ်ပြီး မြန် မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာလာသည်နှင့်အ မျှ ခရီးသွားလာမှုများ တွင်ကျယ် လာမည်ဖြစ်သောကြောင့် ယင်း ခရီးစဉ်ကို အကောင် အထည်ဖော် ဆောင်ရွက် လိုက်ရခြင်းဖြစ်ကြောင်း စက်တင်ဘာ ၉ ရက်က ပတ်ခ်ရွိုင် ရယ်ဟိုတယ်၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Tiger-air ၏ Chief Commercial Officer Mr. Alexander Knigge က ပြောသည်။
Yangon Media Group







0 comments:
Post a Comment