Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, September 10, 2013

Renal Dialysis ကျောက်ကပ်ဆေးခြင်း


ဆရာရှင့် ကျောက်ကပ်ဆေးနေရတဲ့အကြောင်း သိချင်ပါသည်။

ကျောက်ကပ်ဆိုတာ လူ့သွေးထဲက မလိုတော့တာတွေကို စစ်ပြီးထုတ်ပေးနေတဲ့ စက်တခုနဲ့တူတယ်။ ရေစစ် ပြောင်းပြန် ဖြစ်တယ်။ ရေစစ်က လိုချင်တာကိုစအောက်ကျစေပြီး၊ ကျောက်ကပ်က မလုချင်တာကိုထွက်စေတယ်။

ကျောက်ကပ်က သူ့အလုပ်သူမနိုင်တော့ရင် လုပ်ပေးရတဲ့ဆေးကုသနည်းကို Renal Dialysis ကျောက်ကပ်ဆေးခြင်းလို့ ခေါ်တယ်။ ကျောက်ကပ်ကနေ ပိုတဲ့ရေနဲ့ဓါတ်ဆားတွေကို စွန့်ထုတ်ပေးနေတယ်။ ဓါတ်ဆားတွေဆိုတာ Sodium, Potassium, Chloride, Calcium, Phosphorus, Magnesium, Sulfate တွေဖြစ်တယ်။ အသက်ရှူထုတ်ရာမှာလဲ မလိုတာတွေ စွန့်ထုတ်တယ်။ အဲဒီကနေမလုပ်နိုင်တာကို ကျောက်ကပ်ကနေလုပ်ပေးတယ်။

Dialysis လုပ်တယ်ဆိုတာ (၁) Diffusion of solutes နဲ့ (၂) Ultrafiltration of fluid အလုပ် ၂ မျိုးကို Semi-permeable membrane တဝက်တပျက် စိမ့်ထွက်နိုင်တဲ့အလွှာကနေ လုပ်ပေးတယ်။ Dialyzer စက်လို့ခေါ်တယ်။ သေးမွှား တာလေးတွေကို စစ်ထုတ်ပြီး ပိုကြီးတာတွေကို ချန်ထားပေးတယ်။

Dialysis မှာ ပင်မနည်း ၃ မျိုးရှိတယ်။ ပင်မနည်း (၁) Hemodialysis နဲ့ ပင်မနည်း (၂) Peritoneal dialysis အပြင် ပင်မနည်း (၃) hemofiltration ဖြစ်တယ်။ ဒုတိယနည်း (၂) နည်းထဲမှာ hemodiafiltration နည်းနဲ့ intestinal dialysis နည်းတွေဖြစ်တယ်။ Hemodialysis ဆိုတာ သွေးထဲက Wastes အညစ်အကြေးနဲ့ Excess water ပိုတဲ့ရေကို စွန့်ထုတ်တာ ဖြစ်တယ်။ ဓါတုဗေဒဆိုင်ရာ အသေးစိတ် ဥပဒေသတွေကို အားကိုးပြီးလုပ်ရတာ ဖြစ်တယ်။

ကျောက်ကပ်စစ်တာ ဘယ်တော့လိုအပ်သလဲဆိုတဲ့ အဆုံးအဖြတ်ကို သေချာချရတယ်။
ရက်တိုရောဂါတွေ -
• Metabolic acidosis ကြောင့် Acidemia ဖြစ်လာရင်လုပ်ရမယ်။
• Electrolyte abnormality ဖြစ်ရင် ဆိုးဆိုးဝါးဝါး hyperkalemia ဖြစ်လို့လုပ်ရတယ်။
• Intoxication ဆိုတာ အဆပ်သင့်တာမျိုး။ salicylic acid, lithium, isopropanol, Magnesium-containing laxatives နဲ့ ethylene glycol ဖြစ်ရင်လုပ်ရတယ်။
• Overload of fluid ဆိုတာ diuretics ဆီးသွားစေတဲ့ဆေးတွေနဲ့ မနိုင်ရင် လုပ်ရတယ်။
• Uremia complications ဆိုတာ pericarditis, encephalopathy, gastrointestinal bleeding ကနေ ဆက်ဖြစ်လာမျိုး ဖြစ်ရင် လုပ်ရတယ်။
ရက်ရှည်ရောဂါတွေ -
• Symptomatic renal failure ကျောက်ကပ်အလုပ်မလုပ်နိုင်လို့ ရောဂါလကဏာတွေခံစားနေရသူ၊
• Low glomerular filtration rate (GFR) စစ်ထုတ်နှုန်း 10-15 mls/min/1.73m2 ထက် နည်းနေသူ၊
• GFR ကလဲနည်းပြီး serum potassium, and/or serum phosphorus တွေကများနေသူတွေ။

ကျောက်ကပ်ကနေ ဟော်မုန်းအလုပ်တချို့ကိုလဲလုပ်ပေးတယ်။ Erythropoietin နဲ့ Calcitriol တွေကိုလဲ သူက ထုတ်လုပ်ပေးနေတယ်။ Erythropoietin ဆိုတာ သွေးနီဥထုတ်လုပ်ရာမှာ အသုံးကျပြီး၊ Calcitriol ကတော့ အရိုးအတွက် လိုအပ်တယ်။ ကျောက်ကပ်ဆေးရာမှာ ဒီတာဝန်ကို လုပ်မပေးနိုင်ပါ။
credit to;ဆေးပညာစာများ
ဒေါက်တာတင့်ဆွေ
၁ဝ-၉-၂ဝ၁၃

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment