Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, September 7, 2013

စွန့်ဦး စီးပွားတည်ထောင်သူတို့ သိရမည့် အချက်လေးချက်


စွန့်ဦးတီထွင်ဆိုလို့ Science ဘာသာရပ်တို့ကို မဆိုလိုပါဘူး။ စီးပွားရေး လုပ်ငန်းမှာ စတင်ခြေလှမ်းလှမ်းပြီး တစ်ပိုင်တစ်နိုင် စတင်သူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ Entrepreneur ပါ။ ဗာဂျီနီးယား တက္ကသိုလ်ရဲ့  စစ်တမ်းကောက်ချက်အရ အောင်မြင်သော စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်လာဖို့အတွက် ကြိုးစားတဲ့ ခြေလှမ်းလေးခု ကို တွေ့ရှိခဲ့ ပါတယ်။

Act, Learn, Build, Repeat ဖြစ်ပါတယ်။

အရင်ဆုံး ကိုယ် အမှန်တကယ် လုပ်ချင်တဲ့ အရာကို လုပ်ဆောင်လိုက်ခြင်းကို Act နဲ့ ခေါင်းစဉ် တပ်ထား ပါတယ်။ ပြီးတော့ လုပ်ဆာင်ပြီးတဲ့၊ ဖန်တီးလိုက်တဲ့ ကုန်ပစ္စည်း အတွက် Perfect မဖြစ်စေ တဲ့ အချက်တွေကို ပြန်စုမယ်၊ လေ့လာမယ် ယင်း အဆင့်ကို Learn လို့ခေါ်ပါတယ်။ စစ်ဆေးပြီးပြီ၊ ပြန် လေ့လာ သင်ယူပြီးပြီဆိုရင် ပထတုန်းက ချခဲ့တဲ့ Plan အတိုင်း ပြန်ပြီးတော့ Build လုပ်ရမှာ ဖြစ်ပါတယ်။ Buid up လည်း လုပ်ပြီးပြီဆိုရင်တော့ ပထမက လုပ်ခဲ့တဲ့ အတိုင်း အစ ကနေ ပြန်စနိုင်ပါပြီး ယင်းအဆင့်က Repeat ဖြစ်ပါတယ်။

ဒီတော့ ဘယ် အလုပ်ကိုပဲ ဖြစ်ဖြစ် ကိုယ်က စွန့်ဦးဖန်တီးကြိုးစားတော့မယ် ဆိုရင် ဘာမှ သိပ်ခေါင်းစား စရာမလိုပါဘူး။ Repeat ဆိုတဲ့ တစ်ဆင့် ရှိနေသေးတာကို ခေါင်းထဲထည့်ပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိ သလောက် ကြိုးစား ဖို့သာ လိုအပ်ပါတယ်။ Ownership က ကိုယ်ကိုယ်တိုင် ဖြစ်တဲ့အတွက် နောက်ထပ် အကြိမ်ကြိမ်ကြိုးစားပိုင်ခွင့်ရှိတယ် ဆိုတဲ့ အတွေးကို ခေါင်းထဲ ဝင်စေဖို့ ဖြစ်ပါတယ်။ အများစုဟာ စွန့်ဦးကြိုးစားဖန်တီးလို့ မအောင်မြင်တဲ့ ပထမဆုံး အကြိမ်မှာ လက်လျော့ သွားပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။

Act, Learn, Build, Repeat ကို ကျရှုံးတဲ့အခါတိုင်း အထပ်ထပ်အခါခါ ပြုလုပ်သွားရင် တစ်နေ့ မဟုတ် တစ်နေ့တော့ အောင်မြင်တဲ့ Entrepreneur ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
.
Ref: forbes

အောင်ခမ်း (TSJ team)

http://blog.techspace.com.mm/2013/09/blog-post_7.html

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment