ဝါရှင်တန် စက်တင်ဘာ ၈
ပစိဖိတ်သမုဒ္ဒရာ၏ အောက်ခြေတွင် ရှာဖွေတွေ့ရှိခဲ့သည့် နှစ်သန်းပေါင်း ၁၄၀ သက်တမ်းရှိ ရေအောက် မီးတောင်သည် ကမ္ဘာ့ အကြီးဆုံး ရေအောက် မီးတောင် တစ်ခုဖြစ်လာ နိုင်ဖွယ်ရှိ ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။ Tamu Massif ဟု ခေါ်တွင်သော
အဆိုပါ မီးတောင်ကို ဂျပန်နိုင်ငံအရှေ့ပိုင်းနှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော နေရာ တစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဟျူစတန်တက်္ကသိုလ်မှ ဘူမိဗေဒ ပညာရှင်နှင့် လေ့လာ ရေး ခေါင်းဆောင် ၀ီလီလျံဒဗလျူဆာဂျာက ၎င်းင်းမီးတောင်တွင်ကာရံထားသော အကာအရံ များကို လေ့လာ ခဲ့ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာက ထုတ်ပြန်ခဲ့သည်။ ဆာဂျာနှင့် ၎င်းင်း၏ အပေါင်းအဖော် များသည် အဆိုပါမီးတောင်ကို ကမ္ဘာ့ အကြီးဆုံး ရေအောက်မီးတောင်တစ်ခု
အဖြစ်သက်သေပြနိုင်ရန်အတွက် ၎င်းမီးတောင်နှင့် သက်ဆိုင်သည့်အချက်အလက်များကို အချိန်ကြာမြင့်စွာ စုဆောင်း ရယူခဲ့ကြကြောင်း သိရသည်။ ယင်းစုဆောင်းချက်များအရ Tamu Massif မီးတောင်သည် ကမ္ဘာ့ အကြီးဆုံး မီးတောင်သုံးခုအနက် တစ်ခု အပါအ၀င်ဖြစ်သည်ဟု ခန့်မှန်းကြောင်းနှင့် Nature Geoscience ဂျာနယ်တွင် ဖော်ပြထားကြောင်း သိရသည်။







0 comments:
Post a Comment