Subscribe For Free Updates!

We'll not spam mate! We promise.

Monday, September 9, 2013

သမ္မတ အကြံပေး အဖွဲ့ လူသစ် ၂ ဦးထပ်တိုး



မြန်မာနိုင်ငံက နိုင်ငံတော် သမ္မတရဲ့ အကြံပေး အဖွဲ့ဝင် ၂ ဦး ထပ်တိုးလာပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲနဲ့ သမ္မတရုံးက ထုတ်ပြန်တဲ့ အမိန့်အရ သံအမတ်ကြီးဟောင်း ဦးသန်းဆွေကို နိုင်ငံရေး အကြံပေးအဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးလိုက်သလို ၀န်ကြီးဟောင်း ဦးသောင်းညွှန့်ကိုလည်း ဥပဒေ အကြံပေးအဖွဲ့အဖြစ်နဲ့ တာဝန်ပေးလိုက်တာပါ။
ကမ္ဘာ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးသန်းဆွေဟာ အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူပါ။ 

မကြာသေးခင် ကပဲ သံအမတ်ကြီးအဖြစ်က ပြန်လည် ခေါ်ယူခဲ့တာပါ။ တလောကပဲ မြန်မာ-အမေရိကန် ၂ နိုင်ငံ ဆက် ဆံရေး ပြန်လည်ကောင်းမွန်လာအောင် စွမ်းဆောင်နိုင်သူတဦးအဖြစ် သတင်းတွေ ထွက်ကာ ရာထူး တိုးပေးပြီး နိုင်ငံခြားရေး ဒု ၀န်ကြီးဖြစ်မယ့် ကောလဟာလတွေလည်း ထွက်ခဲ့ပါသေးတယ်။ 
ref:The Irrawaddy's Blog 

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment