Subscribe For Free Updates!

We'll not spam mate! We promise.

Friday, September 6, 2013

တာလီဘန်စစ်သွေးကြွများလက်မှရှောင်ပြေးနေရသူ အမျိုးသမီးစာရေးဆရာ အသတ်ခံရ

   
အာဖဂန်၊ စက်တင်ဘာ ၆။

တာလီဘန်လက်မှ သူမလွတ်မြောက်ခဲ့သည့်ဇာတ်လမ်းကို ဘောလီးဝုဒ်ရုပ်ရှင်တစ်ခုထိ ဖြစ်စေခဲ့သည့် အိန္ဒိယ
အမျိုးသမီးစာရေးဆရာတစ်ဦးသည် အာဖဂန်တွင် စစ်သွေးကြွများ ပစ်သတ်ခံရခြင်းကြောင့်
သေဆုံးသွားကြောင်း ရဲများက ကြာသပတေးနေ့က ပြောကြားသည်။

ဆူရှမီတာဘာနာဂျီသည် ပက်တီကာနယ်ရှိသူမ၏အိမ်ပြင်ပတွင် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပက်တီကာနယ်
အရှေ့ပိုင်းရဲမှူးက ပြောကြားသည်။

သူမ၏အိမ်တွင်းသို့ သံသယဖြစ်ခံရသူ တာလီဘန် စစ်သွေးကြွများ ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဖောက်ထွင်း
ဝင်ရောက် လာကြပြီး သူမ၏ ယောက်ျားဖြစ်သူအား မျက်လုံးကို အဝတ်စည်းထားခဲ့ကာ
သူမကို ခေါ်ဆောင် ထွက်ပြေးသွားခဲ့ကြောင်း ပြောကြားသည်။

သူမ၏အလောင်းကို ပက်တီကာနယ်၏ မြို့တော် ရှာရာနားမြို့အစွန်ရှိ ဘာသာရေးကျောင်း တစ်ခု၏
အပြင်ဘက်တွင် စွန့်ပစ်ထားသည်ကို ကြာသပတေးနေ့တွင် တွေ့ရှိခဲ့ရသည်။

“သူမကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာ အချက်နှစ်ဆယ်ရှိတယ်” ဟု ရဲက ပြောကြားသည်။

ဘနာဂျီသည် သူမ၏ ၁၉၉၅ ခုနှစ်ထုတ် ကာဘူလီဝါလား၏ ဘင်္ဂါလီ မယားတစ်ဦး စာအုပ်ဖြင့် စိတ်ဝင်စားခြင်း
ခံခဲ့ရသူဖြစ်ပြီး ၎င်းစာအုပ်သည် အချစ်ကြောင့် လက်ထပ်ပြီး ယောက်ျားဖြစ်သူနှင့် ၁၉၈၉ခုနှစ်အတွင်း
အာဖဂန်သို့ ပြောင်းရွှေ့နေထိုင်သော သူမ၏ ဘဝဖြစ်စဉ်ကို ပြန်လည် ရေးသားထားခြင်း ဖြစ်သည်။

သူမသည် နောက်ပိုင်းတွင် တာလီဘန်တို့၏ ခြိမ်းခြောက်မှုကို ခံရပြီးနောက်ဆုံးတွင် အိန္ဒိယသို့ပြန်ခဲ့ပြီး သူမသည်
၁၉၉၈ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ အမြင်မဂ္ဂဇင်းတွင် အာဖဂန်နိုင်ငံတွင်း သူမ၏ ဘဝအကြောင်းနှင့် ပတ်သက်သည့်
ဆောင်းပါးတစ်ခု ရေးသားခဲ့သည်။

“တာလီဘန်တွေက ဆောင်ရန်ရှောင်ရန်တွေကို စာရင်းထုတ်ပြန်ထားတယ်။ ရေဒီယို နားထောင်တာတို့ တိပ်ခွေ
နားထောင်တာတို့ကို ပိတ်ပင်တယ်။ အမျိုးသမီးတွေကို ဈေးဆိုင်တွေကို သွားခွင့်မပေးဘူး။
ယောက်ျား မပါဘဲ အိမ်ပြင်ထွက်ခွင့် ကိုတောင် တားမြစ်ထားတယ်။ အမျိုးသမီးတွေဟာ သူတို့ရဲ့ဘယ်လက်မှာ
သူ့အမျိုးသား နာမည်ကို တက်တူးထိုးရတယ်” ဟု ရေးသားထားသည်။

၂၀၀၃ခုနှစ်တွင် သူမ၏ စာအုပ် “တာလီဘန်များဆီမှ လွတ်မြောက်ခြင်း”ကို ဘောလီးဝုဒ်က ဝယ်ယူကာ
ရုပ်ရှင်ရိုက်ခဲ့ပြီး သူမသည် သူမ၏ စာအုပ်၊ ရုပ်ရှင်၊ အလုပ်အကိုင်နှင့် အိန္ဒိယ အမျိုးသမီး ဖြစ်နေခြင်း
အပါအဝင် ပစ်မှတ်ထား ခံရနိုင်သည့် အကြောင်းပြချက်များစွာ ရှိကြောင်း ရဲကပြောကြားသည်။

သူမသည် အိန္ဒိယမှ ခင်ပွန်းရှိရာ အာဖဂန်သို့ မကြာမီကမှ ပြန်လာခဲ့ပြီး အမျိုးသမီး
ကျန်းမာရေးဝန်ထမ်း နည်းပါးသည့် ၎င်းဒေသတွင် အမျိုးသမီးများကို အကူအညီပေးသည့် ကျန်းမာရေး
ဝန်ထမ်းတစ်ဦးအဖြစ် လုပ် ကိုင်ခဲ့သူဖြစ်ပြီး ၎င်းလူသတ်မှုအတွက် မည်သည့်အဖွဲ့ အပြစ်ရှိကြောင်း မဆိုသေးပေ။

သူမသည် မွန်ဘိုင်းအခြေစိုက် အင်တာနက် ဝက်ဘ်ဆိုက်က ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် သူမ၏ ဇာတ်လမ်းသည်
အာဖဂန်နိုင်ငံတွင်း အမျိုးသမီးများ၏ အခြေအနေများကို လူအများ သိရှိစေရန်
ရည်ရွယ်ရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:CNN

credit : မြန်မာ့ခေတ်

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment