Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, September 7, 2013

အမေရိကန်တို့ တီထွင်သော အသံထက် ငါးဆမြန်သည့် လေယာဉ်


Boeing X-51 လို့ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလ ကတည်းက စမ်းသပ်လာတာ ယခု နောက်ဆုံး စံချိန်တင်နိုင်မှု ကတော့ တစ်နာရီ မိုင် ၄၀၀၀ ပဲ ဖြစ်ပါတယ်။

ကုန်းပေါ်က တစ်နာရီမိုင် ၂၆၀ ပြေးတဲ့ ကားတောင် ကမ္ဘာ့အမြန်ဆုံး မြေပေါ် သွားကားလို့ သတ်မှတ်ထားတာ။ လေထဲမှာ တစ်နာရီ မိုင် ၄၀၀၀ နဲ့သွားရင် မြင်တောင် မြင်လိုက်ရမှာ မဟုတ်ပါဘူး။ မျက်စိ တစ်မိတ် အတွင်းကို Boeing X-51 အစီး ၅၀ အစဉ်လိုက်ဖြတ်ပြန် သွားရင်တောင် မြင် ရဖို့ ခဲနိုင်ပါတယ်။

စုစုပေါင်း ၄ စီးရှိပြီဖြစ်ပြီး နောက်ဆုံးအစီးမှာ အောင်မြင်သွားတာပါ။ အမြင့်ပေ ၅သောင်းက နေပြန်သန်းပြီး အသံထက် စံချိန်ချိုးနိုင်ခဲ့ ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာတို့ ပူးပေါင်း ဖန်တီးထားတဲ့ လေယာဉ် ဖြစ် ပါတယ်။ လူမပါပါဘူး။ လူမဲ့လေယာဉ် ဖြစ်ပြီး စွယ်စုံ အသုံးပြုမှာ ဖြစ်ပါတယ်။

အရွယ်အစားလည်း ကြီးတဲ့အတွက် အာကသ စခန်းပို့တာမျိုး၊ တိုက်ခိုက်ရေး မှာ အသုံးပြု တာမျိုးတို့ ပြု လုပ်ပါ။ ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ထက်တောင် သူက အများကြီးမြန် နေပါ တယ်။ မြေပြင်ထိန်း ချုပ်ရေး အဖွဲ့ က အရေးကြီး ပါတယ်။

Boeing X-51 တစ်စီး ရဲ့  ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။

Ref:techblog

ရိုးရာလေး

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment