Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, September 7, 2013

မီဒီယာဆိုသည်မှာ



▬▬▬▬▬▬▬
မီဒီယာဆိုသည်မှာ
▬▬▬▬▬▬▬

ထိုင်းဝန်ကြီးချုပ် ယင်လခ် စိတ်ညစ်နေတယ်။

ရေဘေးသင့်ဒေသလေး သွားစစ်မိပါတယ်
လှေစီးတော့ စီးပြန်ပြီ၊ ရေထဲဆင်းလျှောက်တော့ လျှောက်ပြန်ပြီနဲ့၊ မီဒီယာတွေရဲ့ အပြောကကို မလွတ်ဘူး၊

ဒါနဲ့...
လှေလည်းမစီးရ၊ ရေထဲလည်း ဆင်းမလျှောက်ရအောင် 'ရေပေါ်မှာလမ်းလျှောက်နိုင်မှ ဖြစ်မယ်လို့'... သူတွေးမိတယ်။
ဆိုတော့... ...
ထူးခြားတဲ့ ကျင့်စဉ်တခုကို ပြင်းပြင်းထန်ထန် လေ့ကျင့်လိုက်တာ အောင်မြင်သွားတယ်။
ခု ရေပေါ်မှာ လမ်းလျှောက်တတ်သွားပြီ... ...

တရက်မှာ မီဒီယာတွေကို ဖိတ်လိုက်တယ်
ထိုင်းဖက်ကမ်း မဲဆောက်ကနေ မြန်မာဖက်ကမ်း မြဝတီကို သောင်ရင်းမြစ်ရေပြင်ပေါ်က လမ်းဖြတ်လျှောက်ပြလိုက်တယ်
မြန်မာဖက်က ပရိတ်သတ်ကလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး လက်ဆောင်တွေ ပေးလိုက်ကြတယ်
အပြန်ခရီးမှာလည်း ရေပေါ်ကနေပဲ လမ်းလျှောက်ပြန်သွားတယ်
ယင်လခ်စိတ်ထဲ ကြုံးဝါးလိုက်တယ်... ...

"ဒါလောက်တောင် အပြစ်ပြောချင်ကြတဲ့ မီဒီယာတွေ ပြောကြစမ်း၊ ဒီတခါ ဘာပြောနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဒီလိုနဲ့ နောက်ရက်ထုတ် သတင်းစာတွေမှာ ခေါင်းကြီးသတင်းတွေ ပါလာတယ်... ...

ဘန်ကောက်ပို့စ်မှာက...
"ယင်လခ်၊ ဝန်ကြီးချုပ်တစ်ယောက် လုပ်နေပြီး ရေလေးတောင် မကူးတတ်"

နေရှင်းသတင်းစာမှာက...
"ယင်လခ်၊ အာဏာကို အလွဲသုံးစားလုပ်ပြီး မြန်မာဖက်မှ တံစိုးလက်ဆောင်များယူ"

ကမ္ဘာကျော် တိုင်းသတင်းစာမှာက...
"ယင်လခ်၊ တရားမဝင် နယ်စပ်ဖြတ်ကျော်"

အေးတာပဲ


သန်၎ကို-ပေါက်ကရရေးသည်
https://www.facebook.com/thanlayko

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment