Subscribe For Free Updates!

We'll not spam mate! We promise.

Friday, August 30, 2013

iPhone အဟောင်းကို ပြန်လဲ ပေးမယ့် အစီအစဉ် Apple တို့ စတင်

 iPhone 3G သို့မဟုတ် ယင်းထက် မြင့်သော iPhone မော်ဒယ် များကို မော်ဒယ် သစ်များနဲ့ လဲလှယ်ခြင်း သို့မဟုတ် ပြန်လည် ရောင်းချခြင်း ပြုလုပ်ရန် အစီအစဉ်ကို Apple က စတင် လိုက်ကြောင်း သိရပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့ကစတင်လို့ Apple က ရွေးချယ်ထားတဲ့ Apple Store တွေမှာ အရင် စတင်မှာ ဖြစ်ပြ ပါတယ်။ စက်တင်ဘာ လဆန်း ကနေ စတင် ရင်တော့ Apple Store တိုင်းမှာ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ပထမ ပရောဂျက်အရ အမေရိကန် နိုင်ငံတွင်း ဖြစ်ပြီး ဆက်လက်ပြီး ကမ္ဘာအနှံ့ ပြုလုပ်သွားမှာ ဖြစ် ကြောင်း သိရပါတယ်။ Apple ပစ္စည်း ဖြစ်ရင် ဘယ်လောက်ပဲ ဟောင်းဟောင်း ပြန်လဲ ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ အစားစား သတ်မှတ်ထားမှာပါ။ အဟောင်းဈေး ဖြစ်တဲ့အတွက် အများကြီးတော့ ရနိုင်မှာ မဟုတ်ပါဘူး။ Quality စစ်ဆေးမှုအတွက် အေးဂျင့် ဝန်ဆောင်မှု ကုမ္မဏီတစ်ခု ငှားထားပြီး ဖုန်းရဲ့  အခြေအနေကို သေချာ စစ်ဆေးလို့ ဈေးနှုန်း သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ Recycle and Reuse Program ဖြစ်ပြီး ပြန်ဝယ် ချင်သူများကိုလည်း ရောင်းချမှာ ပါ။ နောက်ပိုင်း လည်း Apple ပစ္စည်း များကို ပြန်ဝယ်ခြင်း၊ ပြန်ရောင်းခြင်းများကို Apple တို့ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Ref: pocketlint

Aung Kham (TSJ team)

Techspace Journal

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment