from;Today Myanmar
အမေရိကန် အစိုးရ ဘဏ္ဍာရေးအဖွဲ့အစည်းဟာ ၎င်းတို့ ပိုင်ဆိုင်တဲ့ General Motors မှ စတော့ရှယ်ယာ တန်ဖိုး ကန်ဒေါ်လာ သန်း ၉၀၀ နီးပါးကို ရောင်းချလိုက်ကြောင်း သိရပါတယ်။
ယခင်က အမေရိကန် ဘဏ္ဍာရေးဟာ GM မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီရဲ့  ၆၁ ရာခိုင်နှုန်းသော ရှယ်ယာ များကို ဝယ်ယူထားသူ ဖြစ်ပါ တယ်။ ကုမ္မဏီလုပ်ငန်းလည်ပတ်ရန် အစိုးရထောက်ပံ့မှုများစွာ ရရှိခဲ့တဲ့ အနေအထား တစ်ခု ဖြစ်ပြီး ယခုတော့ ယင်း ရင်းနှီးမြှုပ်နှံမှုများ ကို ပြန်ထုတ်ရောင်းနေပြီ ဖြစ် ပါတယ်။ ဒါကြောင့် GM ရဲ့  စတော့ ရှယ်ယာ ဈေးလည်း ယခု ရက်ပိုင်းအတွင်း ကျဆင်းသွားကြောင်း သိရ ပါတယ်။ အစိုးရ အနေနဲ့ GM တင်မက Detroit ပြည်နယ်အတွင်းမှာ ရှိတဲ့ အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီများမှ ဝယ်ယူ ထားသော ရှယ်ယာများကို ပြန်နုတ်နေပြီ ဖြစ်ပါတယ်။ GM မှာ ရှယ်ယာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးသာ အစိုးရတော့ ပိုင်ဆိုင်တော့ပြီး ယင်းကိုလည်း ၆ လအတွင်း အပြီးရောင်းချတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
အစိုးရအနေနဲ့ စီးပွားပျက်ကပ်နဲ့ တွေ့ကြုံပြီးနောက်ပိုင်း ၎င်းတို့ ထောက်ပံ့ ရင်းနှီးပေးထားတဲ့ စီးပွားရေး လုပ်ငန်းများမှ စတော့ရှယ်ယာများကို တစ်နှစ်ထက်တစ်နှစ်လျော့ချလာမှုများ ပြုလုပ်ခဲ့ပါတယ်။ ယင်း ဟာ အစိုးရ တင်မက ကုမ္မဏီကိုပါ ထိခိုက်နစ်နာစေတဲ့ အနေအထား တစ်ခု ဖြစ် ပါတယ်။ ယခုလို မလုပ်ရင် လည်း အရှုံးပိုတွေ့နိုင်တဲ့အနေ အထားမို့ ထုတ်ရောင်း ရခြင်း ဖြစ်တယ်လို့လည်း အားလုံးက သိထားကြ ပါတယ်။
ကမ္ဘာ့စီးပွားပျက်ကပ် ကြုံတွေ့တဲ့ ၂၀၁၂ နှစ်လယ်ကစလို့ ပြန်မတက်သေး တဲ့ အမေရိကန်ရဲ့  စီးပွားရေး အခြေ အနေဟာ နှစ်အနည်းငယ် ကြာမြင့်နေ အုံးမယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
Ref: autoblog
ColayAutomobile







0 comments:
Post a Comment