Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 31, 2013

မီဒီယာ နှင့် Facebook များ မဟုတ်မမှန်ရေးသားမှုကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

  မီဒီယာ နှင့် Facebook များ မဟုတ်မမှန်ရေးသားမှုကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့
 ဒေါ်အောင်ဆန်းစုကြည် မှ နေပြည်တော် ကော်မတီရုံးတွင် မီဒီယာများနှင့်တွေ့ဆုံချိန်မှာ
မှာကြားလိုက်ပါတယ်။

လွှတ်တော်နောက်ဆုံးနေ့ မီဒီယာများနှင့် တွေ့ဆုံချိန်မှာ အမျိုးသားဒီမိုကရေစီ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်မှ  Facebook များတွင် တင်ချင်တာ တင်နေကြကြောင်း၊ ရေးချင်တာ
 ရေးနေကြကြောင်း၊ မီဒီယာများ နှင့် Facebook များအနေနဲ့ မဟုတ်မမှန်ရေးသားမှုများကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လိုကြောင်းကို အခုလို ပြောကြားခဲ့ပါတယ်။
 
"Facebook တွေက တင်ချင်တိုင်းတင်တာပဲ... ရေးချင်တိုင်း ရေးတာပဲ.. ယုံတဲ့လူကလည်း
 ယုံတာပဲ.. ဘာမှလည်း တားဆီးလို့မရဘူး.. မီဒီယာများအနေနဲ့ မဟုတ်မမှန်ရေးသားတာကို
ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ.. နောက်ဆုံးကျတော့ ဘယ်သူ့ကို ယုံရမှာလဲ.. မီဒီယာဆိုတာ
 သတင်းမှန်ပေးနေတာလား.. ကိုယ်ရေးချင်တာ ရေးနေတာလား.. မီဒီယာအချင်းချင်းဘယ်
လိုပြန်ပြီးထိန်းမလဲ... ဘယ်လိုလုပ်မလဲ.. ဘယ်လိုစဉ်းစားလဲ... " လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တားမြစ်ပေမယ့် facebook ပေါ်က ဝါဒဖြန့်သူ အများစုအနေနဲ့
ဆင်ခြင်ကြမှာမဟုတ်ကြောင်း လေ့လာသူများက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံတွင်
 Facebook သုံးစွဲသူ တစ်သန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပြီး အများစုမှာ ဒေါ်အောင်ဆန်းစုကြည
် ဘာလုပ်လုပ် မျက်စိမှိတ် ထောက်ခံသူများဖြစ်ပါတယ်။

.. www.MyanmarExpress.net

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment