Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 10, 2013

အမေရိကန်တွင်သာ ရှိသော ကိုယ်ပျောက် တိုက်လေယာဉ်

Stealth Boomber လို့ခေါ်တဲ့ The Northrop Grumman B-2 Spirit ဟာ ကမ္ဘာမှာ အမေရိကန်နိုင်ငံတွင်သာ ရှိတဲ့ ကိုယ်ပျောက် တိုက်လေယာဥ ပါ။ Stealth Aircraft ချင်းအတူတူ ကမ္ဘာ့နိုင်ငံတိုင်းက ထုတ်ပေမယ့် Stealth Boomber မှာ ထူးခြားချက် များစွာ ရှိပါတယ်။

မြေပြင် စစ်စခန်းတွေမှာသာ အသုံးပြုလေ့ရှိတဲ့ တာဝေးပစ် ဒုံးကျည် အမျိုး အစားများ ဖြစ်တဲ့ Standoff missiles များကိုတောင် သယ်ဆောင် နိုင်ပြီး တိုက်ခိုက်ရေးမှာ အသုံးပြုလို့ ရပါတယ်။ ပိုင်းလော့ ၂ ယောက် မောင်းနှင် ထိန်းချုပ်ရမယ့် တိုက်လေယာဉ် ဖြစ်ပြီး လေမိုင် ၆၀၀၀ ပျံသန်းနိုင်ပါတယ်။ ဆီတစ်ခါဖြည့်ရင် မိုင် ၁ သောင်း မောင်းနှင် နိုင်ပါတယ်။ ဘယ် ရေဒါစက်မှ ထောက်လှမ်းစောင့်ကြည့်လို့မရအောင် အဆင့်မြင့် နည်းပညာ အသုံးပြုတဲ့ တိုက်လေယာဉ်တွေကို Stealth Aircraft လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

Northrop Grumman B-2 Spirit ဟာ သာမန် တိုက်ခိုက်ရေး ဗုံးလက်နက် အပြင် နျူကလိယ ဗုံးလည်း သယ်ဆောင် အသုံးပြု နိုင်စွမ်း ရှိပါတယ်။ B83 nuclear bombs ဆိုရင် ပေါင် ၂၄၀၀ စာ ၁၆ လုံး သယ်နိုင်ပြီး၊ JDAM GPS-guided bombs ဆိုရင် ပေါင် ၅၀၀ အလေးချိန်ရှိ အလုံး ၈၀ သယ်ဆောင် နိုင်စွမ်း ရှိပါတယ်။

တည်ဆောက်တဲ့ ၁၉၈၀ ကျော်ကတော့ ဆိုဗီယက်နဲ့ တင်းမာစဉ် ကာလဖြစ်ပြီး နောက်တော့ စစ်အေးခေတ်မှာ အသုံးပြုဖို့ ရည်ရွယ်တဲ့ တိုက်လေယာဉ် ဖြစ်သွား ပါတယ်။ ၁၉၉၇ ခုနှစ် မှာ စတင် အသုံးပြုပြီး တစ်စီးတိုင်းစီတဲ့ တန်ဖိုးဟာ သူ့ခေတ်မှာ အမေရိကန်ဒေါ်လာ ၇၃၇ သန်း ရှိပါတယ်။ သို့ပေမယ့် စုစုပေါင်းရင် တစ်စီးစီအတွက် ကုန်ကျစရိတ်က ၉၂၉ သန်း ရှိပါတယ်။ ယနေ့ခေတ်ဒေါ်လာနဲ့ တွက်ရင် ဘီလျံနဲ့ချီ ကုန်ကျပါတယ်။ တစ်စီးတိုင်း ဆီအတွက် development, engineering and testing ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂.၁ ဘီလျံ ရှိပြီး အမေရိကန် အစိုးရမှ လည်း ရင်းနှီးမြှုပ်နှံ ပေးခဲ့ပါတယ်။ တိုက်လေယာဉ်အတွက် နည်းပညာ ကို အမေရိကန် လေတပ် တစ်ခုတည်းတင်မဟုတ်ပဲ Boeing လေကြောင်းရဲ့  အကူအညီကိုလည်း ရယူခဲ့ရပါတယ်။

အစီးရေ ၂၁ စီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ တစ်စီးက မမျော်လင့်ပဲ ပျက်စီးခဲ့အတွက် ယနေ့ အမေရိကန်မှာ အစီး ၂၀ သာ ရှိတော့တဲ့ တန်ဖိုးကြီး တိုက်လေယာဉ် ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က ဆားဗီးယား Kosovo စစ်ပွဲ မှာ တစ်ကြိမ်အသုံးပြုပြီး အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေမှာလည်း အသုံးပြုခဲ့ တိုက်လေယာဉ် ဖြစ်ပါတယ်။

Stealth Boomber ခေါ် The Northrop Grumman B-2 Spirit များက အမေရိကန် လေတပ်ကို ကမ္ဘာ့ အင်အားအကြီးဆုံး လေတပ်ဖြစ်ပေါ် လာရန် ထောက်ပံ့ပေးနေတဲ့ အစိတ်အပိုင်း များ ဖြစ်ကြောင်း သိရပါတယ်။
-
Ref: wiki
credit to ;MyawadyNews

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment