ကမ္ဘာတဝန်းရှိအတုယူထိုက်သောအလှပရေးရာ လျှို့ဝှက်ချက်များ
ဘရာဇီးနိုင်ငံ၏လျှို့ဝှက်ချက်
အုန်းဆီ
အုန်းဆီဟာ အသားအရ စိုပြေစေတဲ့ အစွမ်းရှိပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်တွေပါဝင်တဲ့အတွက် ချွေးပေါက်ကိုသန့်စင်ပေးနိုင်သလို ဝက်ခြံအဖုအပိန့်တွေကိုကင်းစေပါတယ်။လရာဇီးလှပျိုဖြူတွေက အရေပြားမှာ အုန်းဆီကိုကြာရှည်လိမ်းလေ့ရှိတာကြောင့် အရေးအကြောင်းတွေနဲ့အရေးအကြောင်းခပ်ပါးပါးတွေလျော့ပါးနေကြသလို အသားအရေခြောက်သွေ့မှုမဖြစ်တာကိုလည်းတွေ့ရပါတယ်။အုန်းဆီကို သဘာဝ နေကာခရင်မ်အဖြစ် အသုံးပြုနိုင်ကာ အရေပြားကို နောက်ထပ်ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
အုန်းဆံကိုစားတာနဲ့ အုန်းရည်သောက်တာကြောင့် အသားအရေအတွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အရေပြားတင်းရင်းလှပကာ မျက်ကွင်း ညိုတာ ကင်းစေပါတယ်။

အာရှ၏လျှို့ဝှက်ချက်
.........................
ဇီရာစေ့
တောင်နဲ့အနောက်တောင်အာရှမှာ နေထိုင်သူတွေမှိဝဲတဲ့ ဇီရာစေ့ဟာ အစွမ်းထက် အင်တီအော့ဆီးဒင့် တစ်မျိုးဖြစ်ပါတယ်။ဇီရာစေ့ဟာ ဆိုရီးယေးစစ်အရေပြားနာ၊ဝက်ခြံနှင့် နှင်းခူလို အရေပြားပြဿနာတွေကို ကုသနိုင်သလို ဆံပင်သားနဲ့ လက်သည်း၊ခြေသည်းတွေကို သန်စွမ်းစေတဲ့ အစွမ်းရှိပါတယ်။ဇီရာစေ့မှာ ဗီတာမင် အေ၊ဗီတာမင် B1,B2,B6၊ဗီတာမင် စီ နဲ့နိုင်ယာစင်တို့ပါဝင်တဲ့အပြင် ကယ်လ်စီယမ်၊ပိုတက်စီယမ်၊သံဓာတ်၊မဂ္ဂနီစီယမ်၊ဆီလီနီယမ်၊ကြေးနီ၊ဖော့စ်ဖရပ်စ်နဲ့ ဇင့်(သွပ်)ဓာတ်လည်းပါဝင်ပါတယ်။

ပိုလီနေရှန်းကျွန်း၏လျှို့ဝှက်ချက်
........................................
ရဲယိုသီးဖျော်ရည်
ပိုလီနေရှန်းကျွန်းသူ၊ကျွန်းသားတွေဟာ အိုမင်းမှုကိုတားဆီးပေးတဲ့ အာနိသင်အဖြစ် ရဲယိုသီးဖျော်ရည်ကို သောက်လေ့ရှိပါတယ်။ရဲယိုသီးဖျော်ရည်သောက်တာကြောင့် ပိုမို ငယ်ရွယ်နုပျိုစေပြီး အသားအရေကိုကြည်လင်တောက်ပစေပါတယ်။ရဲယိုသီးဖျော်ရည်ဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။

အိန္ဒိယနိုင်ငံ၏ လျှို့ဝှက်ချက်
................................
ချင်း(ဂျင်း)
အသက်အရွယ်မရွေး အိန္ဒိယအမျိုးသမီးတွေက နံနက်ခင်းမှာ ချင်းအနည်းငယ်နဲ့ ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်းကိုရောပြီး သောက်လေ့ရှိပါတယ်။ချိုမြိန်တဲ့အရသာနဲ့ချင်း(ဂျင်း)ရဲ့နွေး

ထွေးမှုကိုရရှိစေတဲ့အပြင် အသားအရေရှိအရေးအကြောင်းများကိုလျော့ကျစေပါတယ်။
ပြင်သစ်နိုင်ငံ၏ လျှို့ဝှက်ချက်
...................................
စပျစ်စေ့အနှစ်
ပြင်သစ်လှပျိုဖြူတွေပုံမှန်အသုံးပြုကြတဲ့ စပျစဟ်စေ့အနှစ်ဟာ အသားအရကိုလှပစေပြီး အိုမင်းမှုကိုဟန့်တားပေးနိုင်ပါတယ်။စပျစ်စေ့အနှစ်မှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ဝိုင်နဲ့စပျစ်ဆီဟာ စပျစ်စေ့အနှစ်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိကိုယှဉ် လို့မရနိုင်ပါဘူး။
ဇွန်
Good Health
No 448,Wednesday.

0 comments:
Post a Comment