Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, August 28, 2013

အမေရိကန်က ဆီးရီးယားကို တိုက်ခိုက်ဖွယ်ရှိ

 
From : ..planet
 ဆီးရီးယားကို စစ်ရေးအရ မည်မျှအတိုင်းအတာအထိ တိုက်ခိုက်ရန်အတွက် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ရေး အမေရိကန် ထောက်လှမ်းရေးအဖွဲ့များက ပြင်ဆင်နေပြီး မဟာမိတ်နိုင်ငံများကိုလည်း စည်းရုံးထားကြောင်း သိရ
အမေရိကန်က ဆီးရီးယားကို တိုက်ခိုက်ဖွယ်ရှိ
အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်သွားဖွယ်ရှိကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက ပြေကြားလိုက်သည်။ အစောဆုံး ကြာသပတေးနေ့ (သြဂုတ် ၂၉ ရက်) တွင် ဆီးရီးယားကို အကန့်အသတ်ထားရှိသော စစ်ရေးတိုက်ခိုက်မှု စတင်ပြုလုပ်ရန် အမေရိကန်က စီစဉ်နေခြင်းဖြစ်သည်။ ဆီးရီးယားကို စစ်ရေးအရ မည်မျှအတိုင်းအတာအထိ တိုက်ခိုက်ရန်အတွက် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ရေး အမေရိကန် ထောက်လှမ်းရေးအဖွဲ့များက ပြင်ဆင်နေပြီး မဟာမိတ်နိုင်ငံများကိုလည်း စည်းရုံးထားကြောင်း သိရသည်။



သမ္မတအိုဘားမား အနေဖြင့် ဆီးရီးယားကို အကန့်အသတ်ရှိသည့် တိုက်ခိုက်မှု ပြုလုပ်ရန် ချိန်ဆနေကြောင်း၊ စစ်ရေးတိုက်ခိုက်မှုအတွက် ဆုံးဖြတ်ချက်ချနိုင်ရန် ရှုထောင့်မျိုးစုံမှ စဉ်းစားသုံးသပ်လျက်ရှိကြောင်း အမေရိကန်အစိုးရ၏ ထိပ်တန်းတာဝန်ရှိသူများက Washington Post သို့ ပြောကြားသည်။ Washington Post ၏ အဆိုအရ ဆီးရီးယားကို တိုက်ခိုက်ရာတွင် မြေထဲပင်လယ်အတွင်းမှ စစ်သင်္ဘောများ အသုံးပြုကာ ကမ်းတက်တိုက်ပွဲ ဆင်နွှဲမည်ဖြစ်ပြီး စစ်ပွဲမှာ ၂ ရက်ထက် ပိုမိုကြာမြင့်မည် မဟုတ်ဟုဆိုသည်။ ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက်တိုက်များ တည်ရှိနေသည်ဟု ယုံကြည်ရသော နေရာများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မည် မဟုတ်ကြောင်း သိရသည်။ အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်သည် ခရုစ်ဒုံးကျည်များ တပ်ဆင်ထားသည့် စစ်သင်္ဘော ၄ စင်းကို မြေထဲပင်လယ်သို့ ပို့ဆောင်ထားပြီး ဖြစ်သည်။



ဆီးရီးယားတွင် သမ္မတ အာဆတ်၏ အစိုးရတပ်က ဓာတုလက်နက်များ အသုံးပြုတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် ရာပေါင်းများစွာ သေဆုံးခဲ့ရကြောင်း အတိုက်အခံများက ပြောကြားခဲ့သည်။ ထောင်နှင့်ချီ အရေအတွက်ရှိသော ဆီးရီးယားပြည်သူများမှာလည်း ဓာတုအဆိပ်သင့်မှု ခံစားရကြောင်း သတင်းများကဆိုသည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ဆီးရီးယားအစိုးရနှင့် အတိုက်အခံ တော်လှန်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် စွပ်စွဲမှုများလည်း ရှိနေသည်။

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment