Subscribe For Free Updates!

We'll not spam mate! We promise.

Thursday, August 15, 2013

တောင်ကြီးမြို့နယ်တွင်အစ္စလာမ်ဘာသာဝင်ငါးဦးဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အောင်မင်္ဂလာပရိယတ္တိဘုန်းတော်ကြီးကျောင်းတွင် အစ္စလာမ်ဘာသာဝင်ငါးဦးကိုဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရ
သည်။တောင်ကြီးမြို့ စ၀်စံထွန်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ အဆိုပါဘုန်းတော်ကြီး
ကျောင်းတွင် ကျောင်းထိုင်ဆ၇ာတော် ဦးရေ၀တ ဦးစီးပြီး ရပ်စောက်မြို့မှ အစ္စလာမ်ဘာသာ
ဝင်များဖြစ်ကြသည့်ဒေါ်တင်အေး၊ဒေါ်ခင်မာအေး၊ဒေါ်ခင်မာထွေး၊ဒေါ်မို့ မို့ အေး၊ဦးဇော်ဝင်း(ခ)
ဦးဇော်ဝင်းမောင်တို့ ငါးဦးကို တောင်ကြီးမြို့ ရှိထေရ်ကြီး၊၀ါကြီးဆရာတော်ကြီးများနှင့် မြို့ နယ်သံဃာ့နာယကအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်၇ှိသူများရှေ့မှောက်တွင်
ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းနှင့်ဗုဒ္ဓဘာသာကို ခံယူကြောင်းကို အတိအလင်းကြေငြာသည့်
အခမ်းအနားကို ပြုလုပ်ခဲ့ သည်။
"ကျွန်တော့်ရင်ထဲမှာ ပီတိဖြစ်ရပါတယ်။အရင်ကအနှိမ်ခံခဲ့ရတာတွေ အခုရဲရဲတင်းတင်း
ထိုင်ရဲပါပြီ။အရင်ကတည်းက ဒီဘာသာကို ၀င်ချင်နေတာပါ"ဟုဦးဇော်ဝင်းမောင်က
ပြောသည်။ကျောင်းထိုင်ဆရာတော်ဦးရေ၀တက "ဒီပွဲလေးလုပ်ဖြစ်တာက ကိုယ့်
ဘာသာကိုယုံကြည်ပြီးဝင်လာတဲ့သူတွေကိုသူတို့ ဘ၀လုံခြုံမှုရှိအောင်ပြုလုပ်ပေးရ
တာပါ"ဟုဆိုသည်။အဆိုပါအခမ်းအနားသို့ တောင်ကြီးမြို့နေပရိသတ်၆၀၀ကျော်တက်
ရောက်ခဲ့ပြီး ယခုဗုဒ္ဓဘာသာသို့ ပြောင်းလဲလာသည် မိသားစုတွင်မိသားစုဝင်ရှစ်ဦးရှိပြီး ဘာသာကူးပြောင်းခဲ့သူများမှာ မိခင်နှင့်သားတစ်ဦး၊သမီးသုံးဦးတို့ ဖြစ်ကြောင်းသိရသည်။
ယင်းတို့ အား ဗုဒ္ဓဘာသာဝင်အဖြစ်အသိအမှတ်ပြုလက်မှတ်များကို မြို့နယ်သံဃာ့နာယကအဖွဲ့က ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

YMG

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment