Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 12, 2013

သားအိမ်ကင်ဆာကိုခွေးဖြင့်အနံ့ခံခိုင်းပြီးသိရှိနိုင်ပြီဟုဆို

 အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည့် သားအိမ် ကင်ဆာကို ခွေးများ အား လေ့ကျင့်ပေးပြီး အနံ့ခံခိုင်းရုံဖြင့် သိရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယား သုတေသီများက လက်တွေ့ ပြသခဲ့သည်။

လူနာများ လှူဒါန်းသည့် သွေးနှင့် တစ်သျှူး နမူနာများကို အသုံးပြုပြီး ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ရှိ ခွေး သုတေသန ဌာနသည် ခွေး သုံးကောင်ကို အနံ့ခံ တတ်စေရန် လေ့ကျင့်ပေးခဲ့ကြောင်း၊ အထူးသဖြင့် သားအိမ်ကင်ဆာကို အနံ့ခံတတ်ရန် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

မိုနဲလ် ဓာတု အာရုံခံစနစ် ဌာနကလည်း ခွေးများနည်းတူ အာရုံခံနိုင်သည့် အီလက်ထရွန်နစ် ဆင်ဆာ စနစ်ကို တီထွင်နိုင်ခဲ့ကြောင်း ဓာတုဗေဒ ပညာရှင် ဂျော့ပရက်တီက ပြောကြားခဲ့သည်။

From;The voice
coppy&sahre from>>>Myanmarexpress

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment