Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, August 14, 2013

နင်မလာပါနဲ့၊ နင်လာမှာကို ငါတို့ကြောက်ပါတယ်။ ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ကင်တာနား မနေ့ကရခိုင် ပြည်နယ်ကို စတင်ရောက်ရှိလာပါတယ်။ သူရောက်လာတာဟာ ဒေသခံတိုင်းရင်းသား ရခိုင်လူမျိုးတွေ အတွက်တော့ သရဲသဘက်တစ်ကောင် ရောက်လာသလိုပဲခံစားနေကြရပါတယ်။
ဘာကြောင့်လဲဆိုတော့ သူမြန်မာနိုင်ငံကိုလာတာ (၇)ခါရှိသွားပါပြီ။သူစွမ်းဆောင်လိုက်လို့ အဆင်ပြေပြေရှိ သွားတာမတွေ့ရသေးပါဘူး။ဒါပေမယ့်ကင်တာနားပြန်သွားပြီး ကုလသမဂ္ဂစင်မြင့်ပေါ်ရောက်ရင် မြန်မာပြည်က အဖြစ်မှန်တွေဟာ ပြောင်းပြန်ဖြစ်၊ ဖြစ်သွားပါတယ်။ ကင်တာနား ဟာ ကလိန်စေ့ငြမ်းစင်၊ ကြမ်းပိုးကိုဆင်ဖြစ်အောင်ပြောတတ်ပါတယ်။
ဖြစ်ရပ်မှန်တွေကို သူဘယ်တော့မှ မပြောပါဘူး။ မျှမျှတတလဲမပြောပါဘူး။ ဒါကြောင့်မို့ ကုလသမဂ္ဂမှာ နှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့တဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ်ကတော့ ကင်တာနားရဲ့ပြောဆိုချက်တွေကို သူ ကန့်ကွက် ပါတယ်တဲ့။ ကင်တာနားဟာ ရခိုင်ဒေသခံတွေနဲ့တွေ့ဆုံခြင်း၊ ရခိုင်တွေပြောတာနားထောင်ခြင်း မျိုးမလုပ်ဘဲ ဘဂါင်္လီတွေ ပြောသမျှနားထောင်၊ သူတို့ငိုပြသမျှဝမ်းနည်းပြီး တစ်ဘက်နားနဲ့ ကုလမှာပြန်ပြော နေတာပါတဲ့။ ဘူးသီတောင်၊ မောင်းတောမှာ ဘဂါင်္လီက၉၄ရာခိုင်နှုန်းရှိနေပြီး မြန်မာတိုင်းရင်းသားက ၆ ရာခိုင်နှုန်းပဲရှိနေပါတယ်။ အဲဒီတော့ဘယ်သူ ကလူနည်းစု၊ ဘယ်သူကလူများစုဖြစ်ပါသလဲ။ ဆိုတဲ့မေး ခွန်းကိုလဲ ဒေါ်ရင်ရင်နွယ်က မေးထားပါသေးတယ်။
ကင်တာနားဟာလဲ ကုလားတစ်ယောက်မို့ ကုလားတွေဘက်က၊ ဘက်လိုက်နေတာဖြစ်ပါတယ်။ မြန်မာ နိုင်ငံ အစိုးရနဲ့တာဝန်ရှိသူတွေက ကောင်းအောင်လုပ်နေတာတွေ၊ ကောင်းအောင်စီမံ နေတာတွေဟာ ကင်တာနားကြောင့် သဲထဲရေသွန်သလိုဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ၁၈၂၃ခုနှစ် မတိုင်ခင်ကထဲက နေထိုင်တဲ့လူမျိုးတွေကိုသာ တိုင်းရင်း သားဆိုပြီးသတ်မှတ်ထားတာပါ။ မြန်မာနိုင်ငံထဲမှာ နှစ်ပေါင်းများစွာ အနေကြာနေတဲ့တရုတ်တွေ၊ ဂေါ်ရခါးတွေ၊ ဘဂါင်္လီ တွေဟာတိုင်းရင်းသားမဟုတ်ပါဘူး။
အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းခိုးဝင်နေထိုင်နေတဲ့ဘဂါင်္လီတွေဟာ တိုင်းရင်းသားလုံးဝမဟုတ်သလို နိုင်ငံ သားလည်းမဟုတ်သေးပါဘူး။ နိုင်ငံသားဖြစ်ချင်တယ်ဆိုရင် အနည်းဆုံးမြန်မာစကားတော့တတ်ရပါ့ မယ်။ ဒါမှမဟုတ်ရင်လဲ ဒေသခံရခိုင်စကားလောက်တော့တတ်ရပါမယ်။ ဘူးသီးတောင်၊ မောင်တောမှာနေ တဲ့သူတွေအားလုံးနီးပါးဟာ မြန်မာစာ၊မြန်မာစကား၊ ရခိုင်စကားလုံးဝ မတတ်ပါဘူး။ နိုင်ငံတော်သမ္မတ ဘယ်သူဆိုတာလဲမသိပါဘူး။ ဒါပေမယ့်သူတို့ ရဲ့ မွတ်ဆလင်ဆရာတွေ(မော်လ၀ီတွေ)ကိုတော့သူတို့ သိပါ တယ်။ ဒီမော်လ၀ီရဲ့ ရည်မှန်းချက်ကိုက ကုလားမဆိုရင် သားဖောက်တဲ့ တိရစ္ဆာန်မလိုသဘော ထားကြ တာပါ။ သူတို့တွေစာတတ်အောင်မသင်ရဘူး။ နဲနဲအရွယ်ရောက်တာနဲ့ လင်ယူရတယ်။ သားမွေးရတယ်။ အနည်းဆုံး ၁၀ ယောက်မွေးရတယ်။ ဒါက ဘူးသီးတောင်၊ မောင်တောမှာတကယ်ဖြစ် ပျက်နေတာ။(မယုံတဲ့သူရှိရင် သွားကြည့်နိုင်ပါတယ်)
ရခိုင်မှာဖြစ်ခဲ့တဲ့အရေးအခင်းမှာ၁၉၂ယောက်သေဆုံးတယ်။၂၆၅ယောက်ဒဏ်ရာရတယ်။ နေအိမ်ပေါင်း ၈၆၀၀ ပျက်စီးတယ်။ လူပေါင်းတစ်သိန်းကျော်ဒုက္ခသည်ဖြစ်တယ်။ ဒါဟာတကယ်တော့ ၀မ်းနည်းစရာ၊ စိတ်မကောင်းစရာ ဖြစ်ရပ်ပါ။ ဒီလိုမျိုးဖြစ်အောင်စတင်ဖန်တီးခဲ့တာလဲ ဘဂါင်္လီတွေပါပဲ။ ဒီလိုမျိုးမဖြစ်ရင်၊ မဖြစ်ဖြစ်အောင် ဘဂါင်္လီတွေ ဖန်တီးမှာပါပဲ။ ဖန်တီးဖို့လဲပြင်ဆင်နေပါတယ်။ ဘာကြောင့်ပါလဲ ..ဘူးသီး တောင်။ မောင်တောမှာ ဘဂါင်္လီတွေဟာ ငတ်တလှည့်ပြတ်တလှည့်နေထိုင်နေကြရတာပါ။ အရမ်းကိုဆင်းရဲ ဒုက္ခရောက်လှပါတယ်။ ဒီလိုဒုက္ခရောက်နေတာကို ကမ္ဘာအရပ်ရပ်က မွတ်ဆလင်တွေသိဖို့ဆိုရင် ပဋိပက္ခ တစ်ခုခုဖြစ်မှ ကမ္ဘာကသိမှာပါ။သိမှသူတို့ကို ကယ်တင်မှာပေါ့။
အခုကင်တားနားလာတာလဲ ဒါပါပဲ။ ရောမျောကမ်းတင် အခြေအနေမဲ့တွေ နေရာရဖို့၊ ကောင်းမွန်စွာ နေထိုင် နိုင်ဖို့ကိုအဓိကထားလာတာပါဘဲ။ လူ့အခွင့်အရေးဆိုတာ နာမည်သတ်မှတ်ချက်တစ်ခုပါ။ မြန်မာ နိုင်ငံထဲကို ၀င်လာလို့ ရဖို့တပ်လိုက်တဲ့ခေါင်းစဉ်တစ်ခုပါ။ လူ့အခွင့်အရေးအကြောင်းကို ထဲထဲဝင်ဝင် မှန်မှန်ကန်ကန်ဘက်မလိုက် တန်းပြော ကြမယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်နေတာ မွတ်ဆလင် ခေါ်ခေါ် အစ္စလာမ်ခေါ်ခေါ် အဲဒီနိုင်ငံတွေပါပဲ။ မြန်မာနိုင်ငံ မှာက ဘာသာပေါင်းစုံကိုးကွယ်လို့ရနေပါသေး တယ်။
ကိုးကွယ်ခွင့်ပြုထားပါသေးတယ်။ အများမြင်နိုင်သိနိုင်တဲ့ဘယ် မွတ်ဆလင် နိုင်ငံကများဘာသာပေါင်းစုံကိုး ကွယ်ခွင့်ပြုထားတာရှိပါသလဲ။ဒါဟာရာနှုန်းပြည့် ငြင်းလို့မရတဲ့အချက်ပါပဲ။ ကဲ..အဲဒီတော့ ကောင်းပါပြီ။ ကင်တာနားအကြောင်းဆက်ကြရအောင်…။တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်နောက် သည့်ထက်မက စောင့်ကြည့်ပါတယ်။ အခုဆိုရင် ၁၀ ကြိမ်မြောက်လာတာပေါ့လေ။ အခုတော့သူ့ကို ကျွန်တော်တို့ ရခိုင်လူမျိုးအားလုံးက ကန့်ကွက်ပါတယ်။ ကင်တာနားကိုအလိုမရှိပါဘူး။ ကင်တာနားလာမှာကို ကြောက်ပါ တယ်။
ကင်တာနားဟာဖြန်ဖြေရေးသမားမဟုတ်ပါဘူး။ ရန်ဖြစ်ရေးသမားပါ။ သူဒီကပြန်သွားတာနဲ့ ဘဂါင်္လီတွေ အပေါ် ဒေသခံတွေက ဘယ်လိုအနိုင်ကျင့်နေပါတယ်။ ပစ်စလက်ခတ်ထားနေပါတယ်။ လူမျိုး တုန်း သတ်ဖြတ်မှုတွေ ရှိနေ ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေပါတယ်ဆိုတဲ့ အစီရင်ခံစာပဲတင်မှာပါ။
ရခိုင်ပြည်နယ်၊ ရခိုင်ဒေသတိုးတက်ရေး ဘယ်လိုလုပ်ပေးကြပါ။ ဘဂါင်္လီတွေကလဲ မြန်မာစကားပြောတတ် အောင် ဘယ်လိုနေကြပါ။ သားပေါက်နှုန်းလျော့ကြပါဆိုတဲ့ စကားမျိုးမပြောပါဘူး။
မတူညီတဲ့လူမျိုးစုတွေအကြား သင့်မြတ်ရေးလုပ်တာမရှိခဲ့ပါဘူး။ ဒါကြောင့် ကင်တာနားလာတာကို ကြောက်နေမိသလို ကင်တာနားပြန်သွားမှာကိုလဲ ကြောက်နေကြပါတယ်။ ကင်တားနားပြန်သွားပြီးရင် ဘယ်မွတ်ဆလင်နိုင်ငံကများ မြန်မာနိုင်ငံသားတွေကို သတ်ဖို့ မြန်မာသံရုံးတွေကိုမီးရှို့ဖို့ လုပ်မလဲလို့ စိုးတထိတ်ထိတ်နဲ့ပါ။
 အရင်တုန်းကပြန်သွားတုန်းကလဲကြည့်လေ…။ ဟိုအဝေးကြီးမှာရှိနေတဲ့ အီဂျစ်နိုင်ငံကမွတ်ဆလင်တွေက မြန်မာသံရုံးကိုအကြမ်းဖက်တယ်။ နောက်နီးနီးနားနားမှာရှိတဲ့ မလေးရှားကမွတ်ဆလင်တွေက မြန်မာနိုင်ငံသားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တယ်။ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ဗုဒ္ဓဂယာကို ဗုံးခွဲတယ်။ ဒါတွေဟာ ကင်တာနားရဲ့ အကျိုး ဆက်တွေပါပဲ။ ကုလသမဂ္ဂကိုယ်စားလှယ်တစ်ဦးပီပီ သမာသမတ်ကျစွာ နေထိုင်ပြောဆိုမယ်ဆိုရင် မွတ်ဆလင်တွေနဲ့ မြန်မာဘာမှဖြစ်လာစရာအကြောင်းမရှိဘူး။
အဲဒီတော့ ကင်တာနား..နင်မလာပါနဲ့ ၊ နင်လာမှာကို ငါတို့ကြောက်ပါတယ်။ နင်လာတိုင်း ငါတို့ရခိုင်လူမျိုး တွေ ဒေါသထွက်ရပါတယ်။ ငါတို့ပြည်နယ်ထဲမှာလဲ ကျူးကျော်လာနေသေးတယ်၊ ငါတို့စကားမတတ်၊ ငါတို့ယဉ်ကျေးမှုကို နားမလည်တဲ့ ဘဂါင်္လီတွေငိုပြသမျှ အမှန်လို့ထင်ပြီး ကမ္ဘာကို မဟုတ်တာတွေမပြော ပါနဲ့။ မလိမ်ပါနဲ့။ လာတယ်ဆိုရင် လဲ ငါတို့ရခိုင်တွေပြောတဲ့စကားကိုလဲ နင်နားလည်အောင်နားထောင်ပါဦး ကင်တာနား။ အကောင်းဆုံးကတော့…..

နင်မလာပါနဲ့၊ နင်လာမှာကို ငါတို့ကြောက်ပါတယ်။ ။

သိန်းမောင်ချေ စစ်တွေ၊ ရခိုင်ပြည်နယ်

အင်တာနက်သတင်းများ

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment