Subscribe For Free Updates!

We'll not spam mate! We promise.

Monday, August 12, 2013

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား

 အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Palue ကျွန်းပေါ်မှာ ပြီးခဲ့တဲ့ စနေနေ့က မီးတောင် ပေါက်ကွဲခဲ့တဲ့အတွက် လူ ၃ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့
သိရပါတယ်။ မီးတောင်ပေါက်ကွဲမှု ဟာ Rokatenda တောင် မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ မီးတောင်မှ ထွက်ရှိလာတဲ့ ပြာ မှုန်တွေ၊ ချော်ရည်တွေ နဲ့ မီးခိုးတွေကြောင့် လူ ၃ဦး သေဆုံးခဲ့ပြီး၊ ၃ဦး ပျောက်ဆုံး လျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်းပေါ်နေ လူဦးရေရဲ့ ထက်ဝက်ခန့်ဖြစ်တဲ့ လူ သုံးထောင်ကို ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
အဲ့ဒီမီးတောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက အစပြုလှုပ်ခတ် နေခဲ့တာဖြစ်ပြီး အင်ဒိုနီးရှား အစိုးရကတော့ မီးတောင်အနီး ပတ်လည် ၃ကီလိုမီတာကို အန္တရာယ်ဇုန် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
နိုင်ငံတွင်း မီးတောင်ရှင် ၁၂၀ကျော်ရှိပြီး လွန်ခဲ့တဲ့ ၃နှစ်က ဂျာဗားကျွန်းပေါ်ရှိ Merapi မီးတောင် ပေါက်ကွဲမှုကြောင့် လူရာ ပေါင်းများ စွာ သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

MRTV4

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment