Subscribe For Free Updates!

We'll not spam mate! We promise.

Sunday, August 11, 2013

အိပ်စက်ခြင်းနှင့်မှတ်ဉာဏ်ကောင်းမွန်မှု


 သင်ခန်းစာ အသစ်ကို လေ့လာတဲ့အခါ အိပ်ရာဝင်ခါနီး လေ့လာတာက မှတ်မိနိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ အကြောင်းကတော့ အိပ်စက်တာဟာ သင့်မှတ်ဥာဏ်ကို တစ်နေ့တာလုံး ကောင်းမွန်စေ တာကြောင့်ပါ။ ဒါ့အပြင် အိပ်ရေးဝပြီး နိုးထလာချိန်မှာ စိတ်ကူးစိတ်သန်း အသစ်တွေကို ဖန်တီးနိုင်စွမ်း လည်း ရှိပါတယ်။
အိပ်စက်ခြင်းနှင့် ဦးနှောက် ဆက်စပ်ပုံ လေ့လာမှု NIH က သိပ္ပံပညာရှင်တွေက အိပ်စက်မှုနဲ့ မှတ်ဥာဏ် အကြား ဆက်စပ်မှုကို လေ့လာခဲ့ရာ '' သင်ခန်းစာတွေကို လေ့လာမှုမလုပ်ခင် အိပ်စက်တာကြောင့် မှတ် ဥာဏ် အစပိုင်း ဖြစ်ပေါ် ဖွံ့ဖြိုးမှုဖြစ်ဖို့ ဦးနှောက်ကို ပြင်ဆင်ပေးလိုက်ပါတယ် ''လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာ မက်သရူးက ရှင်းပြထားပါတယ်။ သင်ခန်းစာ လေ့လာပြီးနောက် အိပ်စက်တာဟာ သတင်း အချက်အလက် အသစ်တွေကို မှတ်သားနိုင်စွမ်း ရှိစေပြီး အဲဒီ သင်ခန်းစာတွေကို မေ့နိုင်ခြေလည်း နည်းသွားပါတယ်။

အိပ်စက်တဲ့အခါ ဦးနှောက်ဟာ ပေါ့ပါးတဲ့ အိပ်ပျော်တဲ့ အဆင့်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်၊ အိပ်မက်မက်တဲ့ REM အဆင့် စတဲ့ အဆင့်တွေအတိုင်း လှည့်လည်နေပါတယ်။ ဒီစက်ဝန်းဟာ မိနစ် ၉၀ ကြာတိုင်း ထပ်ကာထပ်ကာ လှည့်လည်နေပါတယ်။ လူငယ်တွေ၊ အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူ တွေ အနေနဲ့ သင်ခန်းစာတွေကို လေ့လာမှုမပြုခင် အိပ်စက်သင့်ပါတယ်။

သင်ခန်းစာ လေ့လာရန် အိပ်စက်ခြင်း လေ့လာမှုအရ အောက်ပါ အချက်တွေဟာ ကျောင်းသားတွေနဲ့ လေ့လာသူတွေကို ကူညီနိုင်ပါတယ်။
* သင်ခန်းစာတွေကို လေ့လာမှုမပြုခင် ခဏတာ အိပ်စက်ပါ။ အိပ်ရေးပျက်တာဟာ သင်ခန်းစာ လေ့လာ နိုင်စွမ်းကို ၄၀ ရာခိုင်နှုန်းနဲ့ အထက် လျော့ကျစေနိုင်ပါတယ်။
* သင်ခန်းစာ လေ့လာပြီးနောက် ၂၄နာရီ အတွင်း တစ်ညတာ ကောင်းကောင်း အိပ်စက်ပါ။ ဒါမှသာ မှတ်ဥာဏ်ကို ကောင်းမွန်စေပြီး မတူညီတဲ့ သတင်း အချက်အလက်တွေကို ရယူနိုင်မှာပါ။
* တစ်ညလုံး အိပ်ရေး ၀၀အိပ်ပါ။ အရွယ်ရောက်သူ အများစု အနေနဲ့ တစ်ညမှာ ၇ - ၈ နာရီခန့် အိပ်ချိန် ရှိသင့်ပါတယ်။ တစ်ည လေးနာရီနဲ့ အောက်ပဲ အိပ်စက်ချိန်ရှိရင် မှတ်ဥာဏ်က အပြည့်အ၀ ကောင်းမွန်ဖို့ ခက်ပါတယ်။
* မိနစ် ၉၀ ခန့် တစ်ရေးအိပ်တာက မှတ်ဥာဏ်တွေကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမဲ့ ညနေခင်းမှာ တစ်ရေးအိပ်တာက ညဘက်မှာ အိပ်ပျော်ဖို့ ခက်ခဲနိုင်ပါတယ်။

Sweson media

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment