ဗုဒ္ဓဘာသာသည် ကိုးကွယ်ရုံသက်သက် ဘာသာမဟုတ်ပါ။
ဗုဒ္ဓဘာသာသည် နှလုံးသားကို လိမ္မာအောင်
ဖန်တီးလေ့ကျင့်ပေးရတဲ့ ပညာပေး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
အဲဒီတော့ ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာ ပြောလိုက်တာနဲ့ 
ကျွန်တော်တို့ က ဘုရားသွားရှိခိုးရုံ၊ ရဟန်းသံဃာများကို
ချဉ်းကပ်ပြီးတော့မှ ပူဇော်ရုံ၊ ဆွမ်းကျွေးရုံ၊ ဆွမ်းကပ်ရုံ၊
ဆီမီးထွန်းရုံ၊ ပန်းကပ်ရုံ၊ ရေချမ်းကပ်ရုံနဲ့  မလုံလောက်သေးပါဘူး။
သဘာဝဓမ္မလူသားသည် သဘာဝဓမ္မအမှန်တရားနှင့်
နီးစပ်ရန်အတွက် သဘာဝအတိုင်းရှိနေသော
ကျင့်စဉ်များကို ကျင့်ဖို့ တာဝန်ရှိပါတယ်။
ထိုကဲ့သို့ ကျင့်မှသာလျှင် ဗုဒ္ဓဘာသာ အမှန်တကယ်ဖြစ်ကြပါလိမ့်မယ်။
ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်







0 comments:
Post a Comment