Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, April 20, 2013

Gangnam Style နှင့် ကျန်းမာရေး




လတ်တလော ရေပန်းစားနေတဲ့ Gangnam စတိုင် ကကွက်တွေဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်းအမေရိကန် လေ့ကျင့်ခန်းဆိုင်ရာ ကောင်စီကဆိုပါတယ်။Gangnamစတိုင် ကတာကြောင့် နာရီဝက်ကြာတိုင်း ၁၅၀-၂၀၀ ကယ်လိုရီကို လောင်ကျွမ်းစေတယ်လို့ အဆိုပါလေ့လာမှုအရ သိရပါတယ်။

Gangnam စတိုင်ကကွက်ဟာ ပေါင်အဆီတွေကို လောင်ကျွမ်းစေတဲ့ အကျိုးအာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် တချို့တိုင်းပြည်က အားကစားစင်တာတွေမှာ Gangnam စတိုင်ကကွက်တွေကို ထည့်သွင်းကစားလာကြပါတယ်။

Gangnam စတိုင်ကကွက်မှာ သီဆိုတဲ့သီချင်းကလည်း ကချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးပါတယ်။ Gangnam စတိုင်ကကွက်တွေဟာ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းသူတွေအတွက် အတော်အဆင်ပြေတဲ့ ကကွက်တွေ ဖြစ်ပါတယ်။

လေထဲ မြင်းစီးသလိုကကွက်၊ ဆောင့်ကြောင့်ထိုင်တဲ့ ကကွက်၊ ဘေးတိုက်လှုပ်ရှားရတဲ့ ကကွက်တွေ ဟာ ပျော်ရွင်စရာကောင်းသလို ခန္ဓာကိုယ်အတွက်လည်း တကယ်အလုပ်ဖြစ်ပါတယ်။ ခုန်ပေါက် လှုပ်ရှားနေရတာကြောင့် ပေါင်အဆီတွေကို လျော့ကျစေပြီး ခြေတံတွေကို ကျစ်လျစ်သွယ်လျစေပါတယ်။

Pyae Phyo Wai

credit to:အမျိုးကောင်းသား

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment