Subscribe For Free Updates!

We'll not spam mate! We promise.

Thursday, April 11, 2013

မတရားကျင့်သူကို ဓာတ်လိုက်သွားစေမယ့် အတွင်းခံ



အိန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်စုံ ဖြစ်ပါတယ်။

အိန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်တယ်၊ 
အပေါ်အောက် One-Set အတွင်းခံဖြစ်ပြီး ထိလိုက်တာနဲ့ အဲဒီ အမျိုးသား မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြုလုပ်နိုင်ပါတယ် တဲ့။

အဝတ်မှာ လျှပ်စစ်ဓာတ်လမ်းကြောင်းစီးဆင်းနေတဲ့အတွက် မတရားကျင့်ဖို့ကြိုးစားတဲ့အမျိုးသား  လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လှဲသွားစေမှာ ဖြစ်ပါတယ်။


လျှပ်စစ်အင်္ကျီ တီထွင်တဲ့ အင်ဂျင်နီယာကျောင်းသူကျောင်းသားများ

ဒီတော့ ဝတ်ထားတဲ့ အမျိုးသမီးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။ 
လုံးဝ မရှိပါဘူး။ ဝတ်ထားတဲ့ သူရဲ့  နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် လှုပ်ရှား တုန်ခါမှု index တစ်ခု သတ်မှတ်ထားပြီး ယင်း အမှတ်ကို ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူမှန်သမျှကို လျှပ်စစ်နဲ့ တုန့်ပြန်စေမှာပါ။ 
ဝတ်ထားတဲ့သူကတော့ ဘာမှ မဖြစ်ပါဘူး။

နောက်ထပ်ပိုကောင်းတာ တစ်ခုက ဝတ်စုံမှာ GPS ပါဝင်ပြီး လျှပ်စစ်ဓာတ်လွတ်လိုက်ပြီဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို ချက်ချင်း လှမ်းအကြောင်းကြားစေမှာ ဖြစ်ပါတယ်။ 

ဝယ်ဝတ်ဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ မိမိချစ်သူကို ဖက်တဲ့အခါ သတိထားဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
www.blog.techspace.com.mm/2013/04/blog-post_5696.html





Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment