Subscribe For Free Updates!

We'll not spam mate! We promise.

Friday, April 12, 2013

ပါရာစီတမောသည် သွေးကင်ဆာများ နှင့် ဆက်နွှယ်မှု ရှိကြောင်း တွေ့ရှိ


ပါရာစီတမောတွင် ပါဝင်သော ဓာတုဓာတ် တစ်မျိုးသည် သွေးကင်ဆာ ရောဂါများ နှင့် ဆက်နွှယ် နေကြောင်း သုတေသန ပညာရှင်များ က တွေ့ရှိ ခဲ့သည်။ ပါရာစီတမော ပုံမှန် သုံးစွဲသူများ ၌ သွေးကင်ဆာ ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားသည် ဟု ဆိုသည်။ ပါရာစီတမော တွင် အက်စီတာ မီနိုဖင် ဟု ခေါ်သော ဓာတ်တစ်မျိုး ပါဝင်ပြီး ယင်းသည် သွေးကင်ဆာ ရောဂါများနှင့် ဆက်နွှယ်နေ ကြောင်း တွေ့ရှိခဲ့ ရခြင်း ဖြစ်သည်။ အစောပိုင်း လေ့လာချက်များ အရ အက်စပရင် သည် အူကင်ဆာ ရောဂါ ဖြစ်ပွား ခြင်းကြောင့် သေဆုံးနိုင်ခြေကို လျှော့ချ ပေးနိုင်ကြောင်း တွေ့ရှိရ သော်လည်း သွေးထွက်စေသည့် အနာများ ဖြစ်ပေါ် နိုင်ခြေ မြင့်မားကြောင်း တွေ့ရှိရသ...ည်။ အကိုက်အခဲ ပျောက်ဆေးများ အနက် ပါရာစီတမောတွင် ပါဝင်သော အစီတာ မီနိုဖင် သည် အခြား အရာများ နှင့် ကွဲပြား သည်ဟု ဆိုသည်။ စီတယ်ရှိ ဖရက်ဒ် ဟက်ချီဆင် ကင်ဆာသုတေသန ဌာန မှ အီမီလီဝှိုက်က ဦးဆောင်လျက် အဆိုပါ သုတေသနကို လုပ်ဆောင် ခဲ့ခြင်း ဖြစ် သည်။ သုတေသန ပညာရှင်များသည် ၀ါရှင်တန် ပြည်နယ်ရှိ အသက်ကြီး အုပ်စု များ၌ ရှိသော အမျိုးသား နှင့် အမျိုးသမီး ပေါင်း ၆၅,၀၀၀ ကို လွန်ခဲ့သည့် ၁၀ နှစ် အတွင်း အကိုက်အခဲ ပျောက်ဆေးများ သုံးစွဲခဲ့မှုကို လေ့လာကာ သုတေသန ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။်from-SweSone Media Group

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment