Subscribe For Free Updates!

We'll not spam mate! We promise.

Monday, April 22, 2013

ကျန်းမာသော စားသောက်မှုကို အကူအညီပေးမယ့် ခရင်း



ဒီ ခရင်းလေးဟာ နည်နည်ရရတော့ မဟုတ်ပါဘူး..နေ့ စဉ် ကျန်းမာသော
စားသောက်နေထိုင်မှု ဘ၀ကို လမ်းပြပေးမဲ့ digital စနစ် သုံး ခရင်းလေးပဲ ဖြစ်ပါတယ်။

အဓီက က အစာကြေညက်မှုအတွက် အထောက်အပံ့အနေနဲ့ 
သတိပြုစရာတွေကို မိမိအသုံးပြုသည့် အပေါ်မှတ်သားထားပြီး
ပြန်လည်ဖော်ပြပေးနိုင်တာပဲ ဖြစ်ပါတယ်။

မိမိစားတဲ့ အစားအသောက်က ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိသလား
ဗိုင်တာမင် အဟာရဓာတ် အဆီ စသဖြင့် ခရင်းနဲ့ ထိုးပြီး
ထိတွေ့ စားသောက်လိုက်သည် မှန်သမျှကို သူက အတွင်းရှိ Memory တွင် မှတ်သားထားပေးပြီး..မိမိအသုံးပြုတဲ့ စမတ်ဖုန်း ၊ ကွန်ပြုတာ USB နဲ့ 
ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အစားအသောက် ဆင်ဆင်ခြင်ခြင်နဲ့ ကျန်းမာရေး နဲ့ ညီညွတ်သော
အစားအသောက်တွေကို စားသောက်ဖို့  သူက လမ်းညွန်ပြသပေးနိုင်ပါတယ်။

ဖြည်းဖြည်းမှန်မှန်စား အစာကြေညက်ပြီး ကျန်းမာစေသားလို့  ဖော်ပြချက်နဲ့ 
သူက မိမိ နေ့ စဉ်စားသောက်မှုကို အကူအညီပေးပါလိမ့်မယ်။

အစားအသောက် နဲ့ ကျန်းမာရေး သတိရှိလိုသူများအတွက် ဆောင်ထားရန် သင့်ပြီး ပထမဆုံးအနေနဲ့ ဒေါ်လာ ၃၀၀ ခန့် နဲ့ ရောင်းချဖို့ ရှိတယ်လို့ ဆိုထားပါတယ်။

ဒီတော့ ကျန်းမာတဲ့ အစားအသောက် ဂရုစိုက်မှုကို လမ်းညွန်ပေးနိုင်တဲ့ ..
ဒီ Digital device လေးကို မျှဝေပေးလိုက်ပါတယ် ခင်ဗျ ။

credit to>>>Stuff myanmar Magazine

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment