Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, April 20, 2013

သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုး .....



သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုးစိတ်ချရတဲ့ သားဆက် ခြားနည်း တွေထဲမှာ နေ့စဉ် သောက် သန္ဓေတား ဆေးကဒ်ကို သုံးစွဲခြင်းလည်း ပါဝင် ပါတယ်။ အဆိုပါဆေး သောက်သုံးခြင်းရဲ့ အကျိုး ကျေးဇူး တွေကတော့ လစဉ်ရာသီ ပုံမှန် လာခြင်း၊ ရာသီလာ စဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေ ခြင်း၊ ကလေးယူ တော့မည်ဆိုလျှင် ဆေးသောက်ရပ် လိုက်သည်နှင့် ကလေးရနိုင်ခြင်း၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင် ဆာဖြစ်နိုင်ခြေနည်း သွားခြင်းတို့ပဲ ဖြစ် ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးစသောက်သည့် တစ်လ၊ နှစ်လ အတွင် မူးဝေခြင်း၊ ပျို့အန်ခြင်းတို့ ခံစားရတတ်ပါတယ်။ ကိုယ်အလေးချိန် တက်လာနိုင်ပေမယ့် အဆီအအိမ့် တွေကို လျှော့စားပြီး ကိုယ်လက်လေ့ ကျင့်ခန်းပြုလုပ်ပေးမယ်ဆိုရင် မဝ လာပါဘူး။ အချို့သောအမျိုးသမီး တွေမှာ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။

ရင်ဘတ်အောင့်ခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံဝေ ဝါးလာခြင်း၊ ခြေသလုံးနှင့်ပေါင်ကြွက်သားများ ပြင်းထန်စွာနာကျင်ခြင်းတို့ ခံစားရပါက ဆရာဝန် သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။ ဆေးသောက် ခြင်းကြောင့် ခံစားရတဲ့ဝေဒနာတွေ ဟာ ပြင်းထန်တယ်၊ လုပ်ငန်းဆောင် တာတွေကို ဆောင်ရွက်ရာမှာ အနှောင့် အယှက်ဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးရမှာ ဖြစ် ပါတယ်။နေ့စဉ်သောက်သန္ဓေတားဆေး ကဒ်ကို မသောက် သုံးသင့်တဲ့ သူများ ကတော့ နို့တိုက်မိခင်များ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုသွေးချို၊ ကျောက် ကပ်ရောဂါစသည့် ကျန်းမာရေးပြဿနာ များ ခံစားနေရသည့်အမျိုးသမီးများ ဖြစ်ပါတယ်။


credit to:ကျန်းမာရေးစာတိုများစုစည်းမှု

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment