Subscribe For Free Updates!

We'll not spam mate! We promise.

Friday, April 19, 2013

ဘော့စတွန်တရားခံမိပြီ



ဘော့စတွန် မာရသွန် ဗုံးခွဲ တရားခံတွေလို့ သံသယဖြစ်ခံရတဲ့ ညီအကို ၂ ဦးကို တဦးသေ၊ တဦး ရှင် အဖြစ် ဖမ်းဆီး ရမိပြီးနောက်မှာတော့ ဘော့စတွန်အရေး ပြီးဆုံးပြီလို့ ရဲတပ်ဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အသိပေးကြေညာလိုက်ပါတယ်။ 

Water town မြို့ဆင်ခြေဖုံးတနေရာမှာ လှေတခုအတွင်း ပုန်းအောင်းနေတဲ့ Dzhokhar Tsarnaev ကို ဖမ်းဆီးရမိလိုက်ပြီးနောက် အခုလို ပြီးဆုံးသွားပြီလို ကြေညာတာပါ။ 

သူ့ကို လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးတဲ့အခါ တမင် အသက်ရှင်လျှက် ဘယ်လို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သတင်းဓာတ်ပုံကိုလည်း ထုတ်ပြန်ပါတယ်။ 



အခုတော့ အသက်ရှင်လျှက် ဖမ်းဆီးခံရသူ  ချင်ချင် အမေရိကန်သား အသက် ၁၉ နှစ်ရှိ Dzhokhar Tsarnaev ကို တရားဥပဒေအရသာ စုံစမ်း ဖော်ထုတ် အရေးယူသွားမှာဖြစ်တယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။ 

ဘော့စတွန်နဲ့ ၀ါးတာတောင်း၊ ကင်းဗရစ်ခ်ျ မြို့သူမြို့သားတွေလည်း အခုတော့ အိမ်အပြင်တွေ ကို ထွက်လာကြပြီး အဆိုပါ မြို့ကလေးက ပြန်လည် ထွက်ခွာလာကြတဲ့ ရဲတပ်ဖွဲ ယာဉ်တန်းကြီးကို ကြိုဆို
နှုတ်ဆက် မှုတွေနဲ့ ပြန်လည်စည်ကားလျှက် ရှိပါတယ်။




credit:the irrawaddy,s Blog

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment