Subscribe For Free Updates!

We'll not spam mate! We promise.

Sunday, February 10, 2013

နင်အင်မတန် ပလီတယ်


နင်အင်မတန် ပလီတယ်
သွားရင်းလာရင်း ဓားဓားချင်း လှံလှံချင်း
နင်နဲ့ငါ စကားချင်း အချိတ်အဆက်တွေ ပြုတ်ထွက်
စီးချင်းထိုးမလားဟေ့ဆိုရင်တော့ နင့်အကြည့်က ငါ့လည်ပင်းကို ပိုင်းဖို့ပဲ
ဒိုင်းတွေမရှိတော့ဘူး၊ အုန်းခွံရောင်မြင်းတွေ သမိန်ဗရမ်းတွေ ကားကုန်ပြီ
ပန်းဝင်လာတဲ့ ပြိုင်ကားတွေလည်းပဲ ပြိုင်းလို့ ပြုတ်ထွက်လို့ စရိုက်ကြမ်း
နင့်အလျော်အစားကလည်း လန်းသလား မမေးနဲ့
မျက်လုံးတစ်လုံးဆို တစ်လုံးချင်း
နံရိုးတစ်ချောင်းဆို တစ်ချောင်းချင်း
သူတောင်းစားက ပြတ်နေတဲ့လက်တစ်ဖက်ကိုပြပြီး
လူတကာဆီ အလျော်တောင်းတယ်
ဒုက္ခသည်ဦးထုပ်ဆောင်းပြီး ငါနင့်ဆီမှာ ရိုကျိုးလိုက်ပါရဲ့
ငါ့ရွေ့နေတာက ဘယ်ဝိုက်ညာဝိုက်
ငါပြောနေတာက သွယ်ဝိုက်တာတွေ ကွယ်ဖိုက်တာတွေ လုံးဝမပါ
စစ်ပွဲသတင်းထဲမှာ ဖီးယက်ကား ကြော်ငြာဝင်လာတော့မှ အသက်ရှုလိုက်ရတာ
အသက်ရှုကြမ်းလာတဲ့ ဆိုင်ကယ်တွေဟာ စစ်မြင်းတွေကို
တော်လှန်ခဲ့တယ်ဆိုတဲ့ ကြော်ငြာမျိုး နင့်သွေးတိုး ငါစမ်းမိ
ဖြစ်နိုင်ခြေများသလို၊ ချေလည်း ဖြစ်နိုင်တဲ့တီရှပ် နင်ဝတ်ပေါ့
ငါတို့လျာထားချက်တွေက မျက်စိမပွင့်ဘူး
နင့်အရေးပြားက ငါ့လက်ထဲမှာ ဒေါသကြီးပြနေတာ
ကြွေမိလ္လာခွက်ထဲမှာ တစ်မြို့လုံးရဲ့ စကားသံတွေ၊ ချောင်းဟန့်သံတွေ၊
ညစ်တီးညစ်ပတ် ရယ်သံတွေ
ဖုန်းတစ်လုံးက နင့်ခေါင်းအုံးနားမှာ
ကြွက်သေတစ်ကောင်ယောင်ဆောင်နေတယ်
ဒီနေ့ ငါတို့ကို အပိုင်းပိုင်းအတစ်တစ်ဖြစ်ဖို့ သူ့ အစိတ်အပိုင်းတွေကို
ကျစ်လစ်အောင် စုစည်းနေတယ်
ငါ့ဆီကို တေ့ထားတဲ့ နင့်နှုတ်ခမ်းတွေ ဖြုတ်လိုက်တာနဲ့ တစ်ခန်းလုံး
ရစရာမရှိမယ့်အဖြစ်
ဒီကောင့်စံနက်တံက အေးရာအေးကြောင်းပေါက်ကွဲဖို့ ချောင်းမြောင်းလို့
နင့်လက်သည်းတွေက နင်လက်လှမ်းမမှီတဲ့ နေရာ
ငါ့အရေပြားတွေက အခန်းအပူချိန်ထဲမှာ၊ နေရောင်
တိုက်ရိုက်မကျတဲ့ နေရာ
နင်နဲ့ ငါ တံခါးချက်ကို ဘယ်သူအရင်ပြေးဖွင့်မလဲ
မျက်လုံးချင်းချိန်လိုက်ရာက
တိုက်ပွဲစပြီ။

ဇော်လူစိမ်း

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment