Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, January 15, 2013

တစ်ဝက်တစ်ပျက်မှတ်တမ်း

တစ်ဝက်တစ်ပျက်မှတ်တမ်း

ပထမမြောက်ရဲ့ရင့်ခြင်းအဖြစ်
အမေက ငါ့ကို ဆွဲဖွင့်တယ်
ယမမင်းရဲ့သြဝါဒက ပြက္ခဒိန်တွေကိုဟောင်းမြစေရဲ့။

ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချက်တွေ တစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓါးသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ။

ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်
မရေးရသေးတဲ့အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့...ဝှက်ထားတဲ့ ဗျက်စောင်းပဲ။

သေနတ်တစ်လက်ရဲ့ပြောင်းထဲမှာ
ကျည်ဆန်လို ငါဂူအောင်းနေခဲ့ဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့အသံများ
နက္ခတ်ဦးလို...ပျံစေသား။  ။


တာရာမင်းဝေ
idea-ဇူလိုင်၊၂၀၀၃

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment